ဘာဘာတော့ဗ်ရဲ့ မန်ချက်စတာစီးတီး vs ရှက်ဖီး ယူနိုက်တက် ပွဲကြို ပွဲရလဒ် ခန့်မှန်းချက်
December 30, 2023 | No Comments
ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းဟာ ရှက်ဖီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ၅ မှတ် ကွာဟနေမှုကို လျော့ချဖို့အတွက် ဒီပွဲမှာ စီးတီးတို့ နိုင်ပွဲ ထပ်ယူရဦးမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ မန်စီးတီးပွဲအတွက် ခန့်မှန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး vs ရှက်ဖီး ယူနိုက်တက်
ရှက်ဖီးကို အထင်မသေးပါဘူး။ ဒါပေမယ့် စီးတီးက ခံစားချက်ကောင်းတွေ ရှိနေပါတယ်။ ဂွာဒီယိုလာက သူ့ကစားသမားတွေကို ပဲလေစ့်ကို ရင်ဆိုင်တုန်းကလို အခြေအနေတွေ ထပ်ဖြစ်လို့ မရတော့ဘူးလို့ သတိပေးထားမှာပါ။
စီးတီးက တောင့်တင်းလွန်းတဲ့ အသင်းဖြစ်ပြီး သူတို့ အနိုင်ရသွားပါလိမ့်မယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 ရှက်ဖီး ယူနိုက်တက်