ဆာလာနည်းတူ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းကနေ ဖယ်ထုတ်ထားခြင်း ခံခဲ့ရတဲ့ ဟာလန်း
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပထမ ဘောလုံးရာသီရဲ့ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို နာမည်ကျော် Opta က ဖော်ပြလာရာမှာ စီးတီးအကျော်အမော် ဟာလန်း မပါလာခဲ့ပါဘူး။
Opta က ၂၀၂၃ ခုနှစ်အကုန်မှာပဲ ၎င်းတို့ရဲ့ စံနှုန်းသတ်မှတ်ချက်များနဲ့တကွ ၄-၂-၃-၁ ကစားကွက်ကို အခြေခံပြီး နေရာအလိုက် အကောင်းဆုံး ကစားသမားတွေနဲ့တကွ ပွဲထွက် ၁၁ ဦးကို ရွေးချယ်ခဲ့တာပါ။
ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံးဖြစ်နေတဲ့ ဟာလန်းကို ဖယ်ထုတ်ထားခဲ့ပါတယ်။ အဲ့အစား ဟာလန်းထက် သွင်းဂိုး ၂ ဂိုး လျော့နည်းနေတဲ့ စပါးအသင်းမှ တိုက်စစ်မှူး ဆွန်ယောင်မင်ကို ရွေးချယ်လာခဲ့ပါတယ်။

Opta ရဲ့ ရာသီဝက် အကောင်းဆုံး ၁၁ ဦးကတော့ ဂိုးသမား အယ်လီဆန်၊ ခံစစ်သမားတွေအဖြစ် ဝေါ်ကာ၊ ဗန်ဒိုက်၊ ဂူဟီ၊ ဇင်ချန်ကိုတို့ ဖြစ်ကြပါတယ်။ ကွင်းလယ်မှာတော့ ရိုဒရီနဲ့ ရိုက်စ်တို့ကို ထည့်သွင်းထားကာ ဘိုဝင်၊ အိုဒီဂတ်နဲ့ ဘာနာဒိုတို့ကိုလည်း ရွေးချယ်ထားတာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာလည်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူထားနိုင်ပေမယ့် ဒဏ်ရာပြဿနာကြောင့် မန်စီးတီးပွဲတွေကို လွဲချော်လာနေတာပဲ ဖြစ်ပါတယ်။
