ဇန်နဝါရီမှာ မန်စီးတီးအသင်းနဲ့အတူ လုပ်ဖို့ သူကြံရွယ်ထားတဲ့ ပလန်တစ်ခုကို ပြောလာတဲ့ ဂွာဒီယိုလာ
မန်စီးတီးဟာ ဇန်နဝါရီကာလမှာ နယူးကာဆယ်နဲ့ ဘန်လေပွဲကြား နားရက် ၂ ပတ်ကျော် ရရှိနေပါတယ်။
ဒါကြောင့် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲကြား လစ်လပ်နေတဲ့ အားလပ်ချိန်ကို အခွင့်ကောင်းယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းထံ ထွက်ခွာကာ သွားရောက်လေ့ကျင့်ဖို့ ပြင်ဆင်နေပါတယ်။
ကောင်းမွန်တဲ့ ရာသီဥတုအောက် သွားရောက်လေ့ကျင့်ခဲ့မှုက မန်စီးတီးကို ဆုဖလား အောင်မြင်မှုတွေ ပြည့်နှက်နေခဲ့တဲ့ ၂၀၂၃ ခုနှစ်ကို ပိုင်ဆိုင်ခဲ့စေခဲ့တာဖြစ်တယ်လို့ နည်းပြကြီးက အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာက “ နယူးကာဆယ်နဲ့ပွဲအပြီးမှာ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အဘူဒါဘီကို နောက်ထပ်တစ်ကြိမ် ထပ်သွားမှာပါ။ အားလုံးအတူတူပေါ့။
ပြီးခဲ့တဲ့ရာသီတုန်း ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကျနော်တို့ အဘူဒါဘီမှာ ရှိနေခဲ့ပြီး အဲဒါက အသင်းဝန်ထမ်းတွေနဲ့ အားလုံးအတွက် မယုံနိုင်လောက်စရာ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဆုဖလား ၅ လုံးက သက်သေပါပဲ။
ကျွန်တာ်တို့ ပိုပြီးကောင်းတဲ့ရာသီဥတုမှာ လေ့ကျင့်ရေးဆင်းဖို့ အဲဒီကိုသွားမယ်။ လေ့ကျင့်ပြီးရင်း လေ့ကျင့်ရင်း ဘောလုံးရာသီ ဒုတိယပိုင်းအတွက် ကြိုတင်ပြင်ဆင်သွားမှာပါ။ ဒါက စီစဉ်ထားတာပါ။ အစီအစဉ်က ပြောင်းချင်လည်း ပြောင်းသွားနိုင်ပါတယ်။ ကျွန်တော် မသိသေးပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။