ဒိုင်ဗင်ပစ်တဲ့ လီဗာပူးကစားသမားနဲ့ ပင်နယ်တီ လွယ်လွယ်ကူကူ ပေးမှုအပေါ် ပြင်းထန်စွာ ဝေဖန်

နယူးကာဆယ်ပွဲမှာ ဂျိုတာနဲ့ ဒူဘရာကာတို့ ထိတွေ့မှုကနေ ပင်နယ်တီပေးတဲ့ ဖြစ်ရပ်ကို ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။
လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ နယူးကာဆယ်ကို ယှဉ်ပြိုင်ကစားပြီး ဆာလာ၊ ဂျုံး၊ ဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၂ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ သွင်းဂိုးအားလုံးဟာ ဒုတိယပိုင်းမှာ ရခဲ့ကြခြင်းဖြစ်ကာ နယူးကာဆယ်ကလည်း ခြေပဂိုးတွေ ပြန်ယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အငြင်းပွားစရာက ၃-၂ ရလဒ် ဖြစ်နေခဲ့ချိန် ဂျိုတာဟာ ဂိုးသမားကိုပါ ခေါက်ပြီးမှ ဘယ်သူမှ မရှိတော့တဲ့ ဂိုးပေါက်ထဲ ကန်သွင်းတော့မယ့် အချိန်မှာ ပြိုင်ဘက် ဂိုးသမား တားဆီးမှုဖြစ်ခဲ့ရာက ပင်နယ်တီ ပေးခံခဲ့ရတာဖြစ်ပါတယ်။
ဂျိုတာဟာ နယူးကာဆယ် ခံစစ်ကို ကျော်ဖြတ်ပြီးလို့ ပြိုင်ဘက် ဂိုးသမားကိုပါ လှည့်စားပြီးမှ ဘယ်သူမှ မရှိတော့တဲ့ ဂိုးပေါက်ထဲ ဘောလုံး ကန်ထည့်လိုက်ဖို့ထက် လဲချဖို့ကို ရွေးချယ်ခဲ့တယ်လို့ မှတ်ချက်ပေးခံခဲ့ရပါတယ်။
အာဆင်နယ် ဂန္တဝင်ဖြစ်တဲ့ အီရန်ရိုက်က ” ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ထဲကို အဆုံးသတ်ဖို့ထက် လဲချဖို့ကို ရွေးချယ်လိုက်တယ်ပေါ့ ” လို့ ဂျိုတာကို ဝေဖန်ခဲ့တယ်။ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ” ရှက်ဖို့တောင် ကောင်းပါတယ် ” လို့ ဒေါသထွက်ခဲ့ပါတယ်။
ဂျွန်တယ်ရီကလည်း ” ဒါကြီးကို ဘယ်လိုလုပ် ပင်နယ်တီ ပေးလိုက်တာလဲ၊ ဒို်င်ဗင် ပစ်လိုက်တဲ့ဟာကို၊ VAR တော့ မှားပေးလိုက်တာပဲ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အဆိုပါ ပင်နယ်တီကို ဆာလာက ပိတ်သွင်းယူခဲ့ကာ လီဗာပူးတို့ စတုတ္ထဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။