မန်စီးတီးအလိုရှိနေတဲ့ ကြယ်ပွင့်လေးအတွက် စျေးအများကြီး တောင်းဆိုသွားမယ့် လိုင်လီ

ပြင်သစ်ကလပ် လိုင်လီအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ်ဖြစ်တဲ့ မန်စီးတီးဘက်က မျက်စိကျလာနေတဲ့ သူတို့ရဲ့ ဆယ်ကျော်သက် လူငယ်လေးအတွက် က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ကို ဈေးသတ်မှတ်လိုက်ပါတယ်။

လိုင်လီအသင်းဟာ မန်ချက်စတာ ကလပ် နှစ်သင်း ဖြစ်တဲ့ ယူနိုက်တက်နဲ့ စီးတီး တို့ အပြင် လီဗာပူးအသင်းကပါ သူတို့အသင်းရဲ့ ၁၈ နှစ် ခံစစ်မှူးလေး လီနီ ယိုရိုကို သဘောကျနေကြောင်း နားလည်ထားတာပါ။

ယိုရိုဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ လိုင်လီ စီနီယာအသင်းအတွက် စတင် ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ယိုရိုရဲ့ အသက်ဟာ (၁၆)နှစ်သာ ရှိနေပါသေးတယ်။ လိုင်လီအသင်းကတော့ သူ့အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၉၀ အထိ သတ်မှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုင်လီအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲအထိ ပါဝင်ကစားခွင့် ရရှိလာခဲ့တဲ့ ယိုရိုဟာ ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း နည်းပြ ဖွန်ဆီကာလက်ထက် အသင်းရဲ့ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

လိုင်လီရဲ့ ခံစစ်တန်းမှာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ယိုရိုဟာ ၂၀၂၅ ခုနှစ်အထိသာ လိုင်လီနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်လို ဒီနွေကျရင် သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၇၈ သန်း အောက်ထိ လျော့ချလာနိုင်မယ်လို့ သိရတာဖြစ်ပါတယ်။