လေလှိုင်းပေါ်က ဝေဖန်ရေးသမား ဂယ်ရီနဗီးတို့ကို အရှင်းဆုံး တုန့်ပြန်လိုက်တဲ့ ဟာလန်း

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အင်္ဂလန်သတင်းဌာန စကိုင်းစပေါ့ရဲ့ ဘောလုံးဝေဖန်သူတွေ ဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ကာရေဂါတို့ရဲ့ သူ့အပေါ် ဝေဖန်ချက်တွေကို ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။
ဟာလန်းသည် ပြီးခဲ့တဲ့ ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၅၃)ပွဲတွင် (၅၂)ဂိုး သွင်းခဲ့ပြီး ဒီရာသီမှာတော့ ပြိုင်ပွဲစုံ (၂၂)ပွဲတွင် (၁၉)ဂိုး သွင်းယူထားပါတယ်။ ဒီဘရိုင်းလို ဖန်တီးမှုကောင်းတဲ့ အသင်းဖော် မရှိချိန်မှာ ဟာလန်း ဂိုးရနှုန်း နည်းမှုဟာ အဓိက ဝေဖန်ခံရမှု ဖြစ်လာခဲ့တယ်။
တကယ်တမ်းမှာတော့ မန်စီးတီးအတွက် ဟာလန်း ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေတုန်းကလည်း အသင်း ကစားကွက်မှာ သူပါဝင်နိုင်မှု နည်းပါးကြောင်း နဗီးတို့က အမြဲတမ်း ဝေဖန်ထားတာပါ။
လက်ရှိမှာ ဒဏ်ရာက ပြန်သက်သာလာအောင် ကြိုးစားနေရတဲ့ ဟာလန်းကတော့ သူ့အပေါ် ကွင်းပြင်က ဝေဖန်ချက်တွေကို ဂရုမစိုက်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။
ဟာလန်းက ” ကျွန်တော့်အကြောင်း ပြောကြ၊ ရေးကြတာတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်က ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့နဲ့ အသင်းကို အကောင်းဆုံးကူညီနိုင်ဖို့ပဲ ကြိုးစားပါတယ်။ တစ်ခါတလေ ကျွန်တော် ဂိုးသွင်းမယ်။ တစ်ခါ တလေကျတော့ တခြားအရာတွေ လုပ်မယ်” လို့ ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ မနှစ်ကရာသီ မန်စီးတီးကို ပြောင်းလာပြီးတဲ့နောက် ဖလား ၃ လုံး အောင်မြင်ရေး သွင်းဂိုးတွေဖြင့် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။