မန်ယူတိုက်စစ်သမား ရက်ဖိုဒ့် အပေါ် မျှော်လင့်နေမယ့်အစား ဂွာဒီယိုလာရဲ့ တပည့်ကျော် ၂ ဦးကိုပဲ နေရာပေးဖို့ အင်္ဂလန်နည်းပြအား တိုက်တွန်း

ပရီးမီးယားလိဂ် ဘောလုံး သုံးသပ်သူဖြစ်တဲ့ နည်းပြဟောင်း တင်ရှားဝုဒ်က ယူရို ၂၀၂၄ မှာ ရက်ဖိုဒ့်ကိုကျော်ပြီး စီးတီး ကစားသမား နှစ်ဦးက ပွဲထွက်ခွင့် ရသင့်ကြောင်း ယုံကြည်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသာ သွင်းယူထားတဲ့ မန်ယူ တောင်ပံသမား ရပ်ဖို့ဒ်ထက်စာရင်း ဂရီလစ်ခ်ျ နဲ့ ဖိုဒန် တို့က ပွဲထွက်ခွင့် ပိုရသင့်တယ်လို့ တင်ရှားဝုဒ်က သတိပေးလာပါတယ်။

လာမည့် ယူရို ၂၀၂၄ မှာ အင်္ဂလန် ရဲ့ ပွဲထွက်စာရင်းအတွင်း ရပ်ဖို့ဒ်ပါသင့်လား ဆိုတဲ့ မေးခွန်းကို ရှားဝုဒ်က “No ပါ။ လုံး၀ အခွင့်အရေး မရှိပါဘူး။ တန်းဟတ်ရဲ့ ကျေးဇူးကြောင့် သူဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာတောင် ရွေးချယ်မရခံမယ့် အနေအထားမျိုး ရောက်နေပါတယ် ” လို့ ဝေဖန်ခဲ့တယ်။

အင်္ဂလန်အသင်းရဲ့ ဘယ်တောင်ပံမှာ တကယ်တမ်း နေရာရသင့်သူတွေက စီးတီး ကြယ်ပွင့်တွေဖြစ်တယ်လို့ တင်ရှားဝုဒ်က အခုလို ထောက်ခံခဲ့ပါသေးတယ်။

” ယူရိုကျရင် အင်္ဂလန်အတွက် ဂျက်ဂရီလစ်ခ်ျ ပွဲထွက်ခွင့် ရသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဖိုဒန်ကို ပွဲထွက်စာရင်းမှာ အသုံးမပြုခြင်းဟာ ရာဇ၀တ်မှု ကျူးလွန်သလိုပါပဲ။

မန်စီးတီး ကစားသမား ၂ ဦးစလုံးဟာ အင်္ဂလန်မှာ ပါ၀င်ရမှာပါ။ ကျနော်တို့ အနေနဲ့ ဒီလို အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ပဲ အင်္ဂလန်အသင်းကို တည်ဆောက်သွားရမှာပါ။ ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။