ပေါ့ဘာ တော်မီနေး ဂရင်းဝုဒ်တို့ ပြန်လာခြင်း၊ သက်တမ်းတိုးကိစ္စတွေနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ကာလအတန်ကြာ ဝေးကွာနေတဲ့ ကလပ်အသင်းထံ ပြန်လာပါပြီ။ ပေါ့ဘာကို ကာရင်တန် ထရိန်နင်ကွင်းထဲသို့ ဒီနေ့ ကားမောင်း ဝင်လာတာကို တွေ့ရပြီး ပြန် ကစားနိုင်ဖို့ကတော့ စောင့်ရဦးဖွယ် ရှိပါတယ်။

ဂယ်ရီ နဗီးလ်က ခံစစ်မှူး လုခ်ရှောရဲ့ ဒီတလော သီတင်းပတ်တွေ အတွင်း စွမ်းဆောင်ရည်တွေကို အားရ ကျေနပ်နေပြီး ရှောရဲ့ အကောင်းဆုံး နေရာက ဗဟိုခံစစ်မှာ ဘယ်ခြမ်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးလများထဲ ရောက်နေပြီ ဖြစ်တဲ့ တာဟစ်ချောင်၊ အိန်ဂျယ်ဂိုးမက်စ်တို့နဲ့ သက်တမ်းတိုး စာချုပ် ကိစ္စများ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလတည်း က ဒူးဒဏ်ရာကြောင့် အနားယူ ကုသမှု ခံယူနေရတဲ့ တော်မီနေးဟာ ဒီတစ်ပတ် ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြန် ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လူငယ်ကစားသမားလေး ဂရင်းဝုဒ်လည်း လေ့ကျင့်ရေးကို ပြန်ပါလာပါတယ်။

ရိုးမားမှာ အငှား ထွက် ကစားနေတဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းက ရိုးမားမှာ ပွဲတော်တော်များများ ပါဝင်ကစားခွင့် ရနေခြင်းက လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းမှာ ကစားခွင့် ရရှိလာစေဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်အတွက် တိုက်စစ်သမားတွေ ရှားပါးနေချိန်မှာ တိုက်စစ်ကနေ အကောင်းဆုံး ကြိုးစားပေးနေတဲ့ မာရှယ်ကို အသင်းဖော် မာတာက ထုတ်ဖော် ချီးကျူးမှု လုပ်သွားခဲ့ပြီး အဆုံးသတ်ပိုင်း ကောင်းမွန်သူလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်သမား ပါရဲရားဟာ ပေါစခိုးလ်၊ ရွိုင်ကိန်းတို့လို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ကစားသမား မဟုတ်တာကြောင့် ယူနိုက်တက် အနေနဲ့ ဒိထက် ကောင်းတဲ့ အသင်းသား တစ်ဦး အားဖြည့်ဖို့ လိုကြောင်း အိုဝင်ဟားဂရေ့ဗ်က တိုက်တွန်းလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ကာလအတန္ၾကာ ေ၀းကြာေနတဲ့ ကလပ္အသင္းထံ ျပန္လာပါျပီ။ ေပါ့ဘာကို ကာရင္တန္ ထရိန္နင္ကြင္းထဲသို႔ ဒီေန႔ ကားေမာင္း ၀င္လာတာကို ေတြ႔ရျပီး ျပန္ ကစားနုိင္ဖို႔ကေတာ့ ေစာင့္ရဦးဖြယ္ ရွိပါတယ္။

ဂယ္ရီ နဗီးလ္က ခံစစ္မွဴး လုခ္ေရွာရဲ႕ ဒီတေလာ သီတင္းပတ္ေတြ အတြင္း စြမ္းေဆာင္ရည္ေတြကို အားရ ေက်နပ္ေနျပီး ေရွာရဲ႕ အေကာင္းဆံုး ေနရာက ဗဟိုခံစစ္မွာ ဘယ္ျခမ္း ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ယူနိုက္တက္နဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးလမ်ားထဲ ေရာက္ေနျပီ ျဖစ္တဲ့ တာဟစ္ေခ်ာင္၊ အိန္ဂ်ယ္ဂိုးမက္စ္တို႔နဲ႕ သက္တမ္းတိုး စာခ်ဳပ္ ကိစၥမ်ား ေဆြးေႏြးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီဇင္ဘာလတည္း က ဒူးဒဏ္ရာေၾကာင့္ အနားယူ ကုသမႈ ခံယူေနရတဲ့ ေတာ္မီေနးဟာ ဒီတစ္ပတ္ ၀က္ဖို႔ဒ္နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ျပန္ ပါ၀င္ ကစားနုိင္ဖြယ္ ရွိေနပါတယ္။ ဒါ့အျပင္ လူငယ္ကစားသမားေလး ဂရင္းဝုဒ္လည္း ေလ့က်င့္ေရးကို ျပန္ပါလာပါတယ္။

ရိုးမားမွာ အငွား ထြက္ ကစားေနတဲ့ ယူနုိက္တက္ ခံစစ္မွဴး စေမာလင္းက ရိုးမားမွာ ပြဲေတာ္ေတာ္မ်ားမ်ား ပါ၀င္ကစားခြင့္ ရေနျခင္းက လာမယ့္ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ အဂၤလန္အသငး္မွာ ကစားခြင့္ ရရွိလာေစဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ယူႏုိက္တက္အတြက္ တိုက္စစ္သမားေတြ ရွားပါးေနခ်ိန္မွာ တိုက္စစ္ကေန အေကာင္းဆံုး ၾကိဳးစားေပးေနတဲ့ မာရွယ္ကို အသင္းေဖာ္ မာတာက ထုတ္ေဖာ္ ခ်ီးက်ဴးမႈ လုပ္သြားခဲ့ျပီး အဆံုးသတ္ပိုင္း ေကာင္းမြန္သူလို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

ယူနိုက္တက္ကြင္းလယ္သမား ပါရဲရားဟာ ေပါစခိုးလ္၊ ရြိဳင္ကိန္းတို႔လို လႊမ္းမိုးနိုင္စြမ္း ရွိတဲ့ ကစားသမား မဟုတ္တာေၾကာင့္ ယူနိုက္တက္ အေနနဲ႕ ဒိထက္ ေကာင္းတဲ့ အသင္းသား တစ္ဦး အားျဖည့္ဖို႔ လိုေၾကာင္း အို၀င္ဟားဂေရ႕ဗ္က တိုက္တြန္းလိုက္ပါတယ္။