ဂွာဒီယိုလာနေရာ ရေရှည် အစားထိုးဖို့ မန်စီးတီးတို့ ချိန်ရွယ်ထားခြင်းခံရတဲ့ လာလီဂါနည်းပြ

ဂီရိုနာမန်နေဂျာ မီခယ်ဆန်းချက်ဇ်ဟာ ကက်တလန်ကလပ်ကို လာလီဂါ အမှတ်ပေးဇယားမှာ ဒုတိယနေရာ ရောက်အောင် ကြိုးစားပေးထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ကလပ် အများအပြားရဲ့ စိတ်ဝင်စားခြင်းကို ခံလာရပါတယ်။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ပွဲမှာ ဂီရိုနာတို့ဟာ လာလီဂါ အင်အားကြီးအသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို ၄-၃ ဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။

မန်စီးတီးအသင်း ပိုင်ရှင်တွေ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကပဲ ပိုင်ဆိုင်ထားတဲ့ လာလီဂါကလပ်ဟာ ဒီရာသီ ရာသီဝက်ပွဲတွေ အပြီးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ်တူဖြင့် လာလီဂါဖလားကို ဆက်လက် ယှဉ်ပြိုင်နိုင်နေဆဲ ဖြစ်ပါတယ်။

ဂီရိုနာအသင်း အခုလို ထိပ်ဆုံးရောက်နေတာဟာ ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ နည်းပြဆန်းချက်ဇ်ရဲ့ ဦးဆောင်နိုင်စွမ်း ကောင်းမွန်ခြင်းကြောင့်လို့ အထင်ကြီးခြင်း ခံနေရတယ်။ ဒါကြောင့်ပဲ လာလီဂါကလပ် ဘာစီလိုနာကပါ ဇာဗီနေရာ အစားထိုးဖို့ ဆန်းချက်ဇ်ကို စောင့်ကြည့်လာနေတာပါ။

မန်စီးတီးဘက်က နည်းပြဂွာဒီယိုလာနေရာ ရေရှည် အစားထိုးဖို့ ဆန်းချက်ဇ်ကို သဘောကျသလို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကလည်း ရလဒ်တွေ ဆိုးနေတာကြောင့် နည်းပြအတ်ဒီဟောင်ရဲ့ နေရာမှာ ဆန်းချက်ဇ်ကို တာဝန်ပေးလိုနေပါတယ်။

ဒီလထဲမှာ လိုင်ယွန်အသင်းရဲ့ ကမ်းလှမ်းမှုကို ဆန်းချက်ဇ်က ပယ်ချထားပါတယ်။ နယူးကာဆယ်ဘက်က လှုပ်ရှားမှုဟာလည်း အလေးအနက် စိတ်ဝင်စားတဲ့ အခြေအနေဖြစ်ကာ ရာထူးနေရာ လှုပ်ခတ်နေတဲ့ အတ်ဒီဟောင်နေရာ အစားထိုးဖို့ ဆန်းချက်ဇ်က ဦးစားပေးလို့ သိရပါတယ်။