အာဆင်နယ် အဓိကပစ်မှတ် တိုက်စစ်သမားရဲ့ အေးဂျင့်ထံ မန်စီးတီးတို့ စတင် ချဉ်းကပ်

သတင်းတွေအရ မန်စီးတီးအသင်းဟာ အာဆင်နယ်ရဲ့ တိုက်စစ်ပစ်မှတ်ဖြစ်တဲ့ ဝုဗ်စတား နက်တိုကို ချိတ်ဆက်မှု စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသားကို အာဆင်နယ်က ကာလရှည် ချိတ်ဆက်နေတာဖြစ်ပြီး လီဗာပူး အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်းကလပ် အများအပြားကလည်း စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်က နက်တိုကို ဇန်နဝါရီမှာတင် အလိုရှိပေမယ့် ဒဏ်ရာက ပြန်သက်သာလာစ ကစားသမားနဲ့ ပတ်သက်လို့ ထူးခြားတဲ့ အခြေအနေ မမြင်ရသေးပါဘူး။ နက်တိုဟာ အခုရာသီ နောက်ပိုင်းပွဲတွေကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။

ဝုဗ်ကလည်း ဒဏ်ရာက ပြန်သက်သာလာနေတဲ့ တောင်ပံတိုက်စစ်သမား နက်တိုကို ဇန်နဝါရီမှာ လက်လွှတ်ဖွယ် မရှိဘူးလို့ သိရတယ်။

နက်တိုရဲ့အပြောင်းအရွှေ့က ရာသီအကုန်မှာဖြစ်လာနိုင်ကာ မန်စီးတီးကတော့ ကစားသမားရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု စတင်ပြုလုပ်ခဲ့ကြောင်းလည်း သတင်းထောက်တွေက ဖော်ပြပါတယ်။

ပေါ်တူဂီသားဟာ ဒီရာသီ ၁၁ ပွဲမှာ သွင်းဂိုး ၁ ဂိုးပဲ သွင်းယူထားပေမယ့် ၉ ကြိမ်ထိ ဂိုးထောက်ပံ့ပေးထားနိုင်ပါတယ်။ နက်တိုရဲ့စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။