အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ မန်စီးတီးနဲ့ စပါး ထိပ်တိုက်တွေ့ပါပြီ

အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေ အပြီးမသတ် သေးပေမယ့်လို့ စတုတ္ထအဆင့်အတွက် မဲခွဲမှုတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ၂ သင်းဖြစ်တဲ့ စပါးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ ပွဲစဉ် ပါဝင်လာတာပါ။ လက်ရှိ ချန်ပီယံတွေဟာ တတိယအဆင့်မှာ ဟက်ဒါဖီးကို ဂိုးပြတ် အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ပွဲကောင်းအဖြစ် ချယ်ဆီးက ပရီးမီးယားလိဂ်မှာ ခြေစွာနေတဲ့ အက်စတွန်ဗီလာနဲ့ ထိပ်တိုက်တွေ့ပါမယ်။ အာဆင်နယ် ပြုတ်ခဲ့ပြီဖြစ်တဲ့ အက်ဖ်အေဖလားမှာ စတုတ္ထအဆင့်မှာတင် နောက်ထပ် အသင်းကောင်း ၂ သင်း ပြုတ်ဖို့ သေချာနေပါပြီ။

ပရီးမီးယားလိဂ် ကလပ်တွေချင်း ထိပ်တိုက်တွေ့မှုအဖြစ် ဖူလ်ဟမ်က နယူးကာဆယ်ကို ရင်ဆိုင်ရမယ့်ပွဲနဲ့ ရှက်ဖီး ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲတွေ ပါဝင်နေပါတယ်။

စတုတ္ထအဆင့် ပွဲစဉ်တွေကို ဇန်နဝါရီလ ၂၇-၂၈ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဖိုင်နယ်ပွဲကတော့ မေလ ၂၅ ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။