ဒီဘရိုင်း၊ ဟာလန်းလိုပဲ မန်စီးတီးရဲ့ မဟာပြိုင်ဘက်လည်း ပြန်လာနေပြီလို့ အသိပေးတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အက်ဖ်အေဖလားမှာ ဟက်ဒါဖီးအသင်းကို ၅-၀ ဖြင့် အနိုင်ရပြီးတဲ့နောက် ပရီးမီးယားလိဂ်ကို အာရုံစိုက်နေပါတယ်။

စီးတီးဟာ ဒီရာသီ ဖလား ၃ လုံးမှာ ဆက်ရှိနေဆဲဖြစ်ကာ အမှတ်ပေးဇယားမှာ လီဗာပူးထက် ၁ ပွဲလျော့ကစား ၅ မှတ် အကွာဖြင့် အဆင့် ၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက ပြန်လာပြီးတည်းက မန်စီးတီးတို့ ခြေစွမ်းကောင်း ပြနေသလို ဒီဘရိုင်းကလည်း ပြန်သက်သာလာနေပါပြီ။

အက်ဖ်အေဖလားအပြီးမှာ ဂွာဒီယိုလာကတော့ လီဗာပူးကို လိုက်လံဖိအားပေးဖို့ တွေးနေသလို ဒီလတွေအတွင်း သူ့ရဲ့ ပလန်တွေကို ထုတ်ပြောလာခဲ့တယ်။

ဂွာဒီယိုလာက “ ပရီးမီးယားလိဂ်မှာ ကျနော်တို့ ပွဲကျန် တစ်ပွဲ ကစားရဖို့ ရှိနေပါသေးတယ်။ ကျနော်တို့ရဲ့ မဟာပြိုင်ဘက်ကြီး လီဗာပူးက ပြန်လာနေပါပြီ။

အာဆင်နယ်နဲ့ စပါးလို အသင်းကောင်းတွေကလည်း ပရီးမီးယားလိဂ်မှာ ရှိနေပါသေးတယ်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ အမှတ်တွေ လျော့လို့ မရတော့သလို လျော့သွားခဲ့ရင် ခက်ခဲသွားမှာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီအပတ်မှာ မန်စီးတီးဟာ နယူးကာဆယ်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

စီးတီးနည်းပြကပဲ ” နယူးကာဆယ်နဲ့ ခက်ခဲတဲ့ပွဲကို ကစားရမယ် ပြီးရင်တော့ ၂ ပတ် အချိန်ရပါမယ်။ ဒုတိယရာသီဝက်အတွက် ဒီဘရိုင်း၊ ဟာလန်း၊ ဒိုကူ၊ ဂရီလစ်တို့ အားလုံး ပြန်လာပါပြီ။ ရာသီကုန်ထိ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ အားလုံးကို လိုအပ်တာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။