မန်စီးတီး အသင်းခေါင်းဆောင်က သူ မဟုတ်ဘူးလို့ အတည်ပြုလိုက်တဲ့ ဒီဘရိုင်း

မန်စီးတီးအသင်းဟာ ဂန်ဒိုဂန် ထွက်ခွာသွားပြီးနောက် တရားဝင် ထုတ်ဖော်လာခြင်း မရှိသေးတဲ့ အသင်းခေါင်းဆောင်သစ်အား အတည်ပြုလာပြီ ဖြစ်ပါတယ်။

ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးကို သမိုင်းဝင် ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပြီးနောက် နွေရာသီတုန်းက ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းသွားခဲ့ပါတယ်။ ဂျာမန်ကစားသမားဟာ မန်စီးတီးအတွက် အသင်းခေါင်းဆောင်အဖြစ် တစ်ရာသီတည်းသာ တာဝန်ယူခဲ့တာပါ။

သူ့မတိုင်မီ ဖာနန်ဒင်ဟိုက ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

မန်စီးတီးဟာ ရာသီတိုင်း ကစားသမားများရဲ့ မဲဖြင့် အသင်းခေါင်းဆောင် ၅ ဦး ခန့်အပ်အသုံးပြုတဲ့ စနစ်ကို သုံးလာတဲ့အသင်း ဖြစ်ပါတယ်။ ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်ပွဲတွင် ကီဗင်ဒီဘရိုင်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမဲ့ တံကောက်ကြောဒဏ်ရာရရှိကာ အနားယူလာခဲ့ရပါတယ်။

အဲ့နောက်ပိုင်းဝေါ်ကာ က မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ ကိုင်မြှောက်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ကီဗင်ဒီဘရိုင်းဟာ ဟက်ဒါဖီးလ်တောင်းအား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ လူစားဝင်လာခဲ့ကာ ဒိုင်ယက်စ်ထံက အသင်းခေါင်းဆောင် လက်ပတ်ကို လွဲယူခဲ့တယ်။

ဒါပေမဲ့ ကီဗင်ဒီဘရိုင်း ကိုယ်တိုင်ကပဲ ဝေါ်ကာသာလျှင် မန်စီးတီးရဲ့ အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်လူဟာ ဝေါ်ကာ၊ ရူဘင်ဒိုင်ယက်စ်၊ ရိုဒရီ၊ ဘာနာဒိုတို့နှင့်အတူ အသင်းခေါင်းဆောင် ၅ ဦး စာရင်းတွင် ပါဝင်ပါတယ်။