မှတ်တိုင်သစ်နဲ့ ရွန်းနီ၊ တီမိုဝါနာ၊ ဟာလန်း၊ ပေါ့ဘာစာချုပ်သစ်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
မန်ချက်စတာယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ တာဟစ်ချောင်နဲ့ အိန်ဂျယ် ဂိုမက်စ်ကို ဆက်လက် ထိန်းထားချင်တယ်လို့ နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောကြားခဲ့ပြီး သက်တမ်းတိုး စာချုပ်အတွက်လည်း ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင်နဲ့ ခံစစ်မှူးဟောင်း အီဗရာ က အသင်းထရိန်နင်မှာ ထူးချွန်စွာ လေ့ကျင့်ေ်နတဲ့ ဘရန်ဒန်ဝီလီယံကို မြင်ခဲ့ရစဉ်က ကစားခွင့်ပေးကြည့်ဖို့ နည်းပြ ဆိုးရှားအား တိုက်တွန်းခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပေါ့ဘာ အသင်းပြောင်းမယ်လို့ မျှော်လင့်ရပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ပြင်သစ်သားကို စာချုပ်သစ် ဆွေးနွေးကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ၎င်း ဒေါ့မွန်မှာ ရှိစဉ် ၂၀၁၂ လောက်မှာ ဆာအဲလက်စ် ဖာဂူဆန် ဖုန်းနဲ့ ဆက်သွယ်တာကို လက်ခံရခဲ့ပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့ ဖြစ်ပြီ ထင်ခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ ထိုစဉ်က ဒေါ့မွန် ငြင်းပယ်ခဲ့တာကြောင့် အပြောင်း အရွှေ့ မဖြစ်လာခဲ့ပါဘူး။
ဒါဘီမှာ ဆက်လက် ကစားနေဆဲ ဖြစ်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီဟာ အင်္ဂလိပ်ကလပ် အသင်းတွေ အတွက် ပွဲ ကစားတာ ပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက် ဟာလန်းကို မခေါ်ယူနိုင်ခဲ့တာ အတွက် အားလုံးက အပြစ်တင်ကြပေမယ့် လီဗာပူးက ဝင် ခေါ်ဖို့ ကြိုးစားရင်လည်း ရမှာ မဟုတ်ကြောင်းနဲ့ ဟာလန်းဟာ ထိပ်တန်းအသင်း တစ်သင်း အပြင် တောင်ပံ နေရာလွတ်များစွာမှာ လှုပ်ရှား ကစားနိုင်မယ့် အသင်းကိုသာ ရွေးချယ်လိုခဲ့တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် အပါအဝင် လီဗာပူးနဲ့ ချယ်ဆီးတို့လည်း ချိတ်ဆက်နေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ယူနိုက်တက် သို့မဟုတ် ချယ်ဆီးအသင်းထံ ပြောင်းဖို့ ရွေးသင့်ကြောင်း လီဗာပူး ကစားသမားဟောင်း ဟာမန်းက တိုက်တွန်းလိုက်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ လူငယ္ၾကယ္ပြင့္ နွစ္ဦး ျဖစ္တဲ့ တာဟစ္ေခ်ာင္နဲ႕ အိန္ဂ်ယ္ ဂိုမက္စ္ကို ဆက္လက္ ထိန္းထားခ်င္တယ္ လို႔ နည္းျပ ဆိုးရွားက ထုတ္ေဖာ္ ေျပာၾကားခဲ့ျပီး သက္တမ္းတိုး စာခ်ဳပ္အတြက္လည္း ေဆြးေႏြးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။
ယူနုိက္တက္ အသင္းေခါင္းေဆာင္နဲ႕ ခံစစ္မွဴးေဟာင္း အီဗရာ က အသင္းထရိန္နင္မွာ ထူးခၽြန္စြာ ေလ့က်င့္ေ္နတဲ့ ဘရန္ဒန္၀ီလီယံကို ျမင္ခဲ့ရစဥ္က ကစားခြင့္ေပးၾကည့္ဖို႔ နည္းျပ ဆုိးရွားအား တိုက္တြန္းခဲ့ဖူးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ေပါ့ဘာ အသင္းေျပာင္းမယ္လုိ႔ ေမွ်ာ္လင့္ရေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ဟာ ျပင္သစ္သားကို စာခ်ဳပ္သစ္ ေဆြးေႏြးကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။
ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မွဴး လီ၀န္ေဒါစကီးက ၄င္း ေဒါ့မြန္မွာ ရွိစဥ္ ၂၀၁၂ ေလာက္မွာ ဆာအဲလက္စ္ ဖာဂူဆန္ ဖုန္းနဲ႕ ဆက္သြယ္တာကို လက္ခံရခဲ့ျပီး ယူနုိက္တက္သို႔ ေျပာင္းေရႊ႕ ျဖစ္ျပီ ထင္ခဲ့ေၾကာင္း ၀န္ခံ ေျပာၾကားခဲ့ပါတယ္။ ထုိစဥ္က ေဒါ့မြန္ ျငင္းပယ္ခဲ့တာေၾကာင့္ အေျပာင္း အေရႊ႕ မျဖစ္လာခဲ့ပါဘူး။
ဒါဘီမွာ ဆက္လက္ ကစားေနဆဲ ျဖစ္တဲ့ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္း ရြန္းနီဟာ အဂၤလိပ္ကလပ္ အသင္းေတြ အတြက္ ပြဲ ကစားတာ ပြဲ ၅၀၀ ျပည့္ေျမာက္ခဲ့ျပီ ျဖစ္ပါတယ္။
ယူနိုက္တက္ ဟာလန္းကို မေခၚယူနုိင္ခဲ့တာ အတြက္ အားလံုးက အျပစ္တင္ၾကေပမယ့္ လီဗာပူးက ၀င္ ေခၚဖို႔ ၾကိဳးစားရင္လည္း ရမွာ မဟုတ္ေၾကာင္းနဲ႕ ဟာလန္းဟာ ထိပ္တန္းအသင္း တစ္သင္း အျပင္ ေတာင္ပံ ေနရာလြတ္မ်ားစြာမွာ လႈပ္ရွား ကစားနုိင္မယ့္ အသင္းကိုသာ ေရြးခ်ယ္လိုခဲ့တယ္လို႔ လီဗာပူးနည္းျပ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။
ယူနုိက္တက္ အပါအ၀င္ လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔လည္း ခ်ိတ္ဆက္ေနတဲ့ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ယူနိုက္တက္ သို႔မဟုတ္ ခ်ယ္ဆီးအသင္းထံ ေျပာင္းဖို႔ ေရြးသင့္ေၾကာင္း လီဗာပူး ကစားသမားေဟာင္း ဟာမန္းက တိုက္တြန္းလိုက္ပါတယ္။