သူငယ်ချင်းဟောင်း ဆန်ချိုရဲ့ အမှန်ကန်ဆုံး လုပ်ရပ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဟာလန်း

မန်စီးတီး တိုက်စစ်မှူး ဟာလန်းက တချိန်က အသင်းဖော်ဟောင်းဖြစ်သူ တိုက်စစ်သမား ဆန်ချို ဒေါ့မွန်အသင်းထံ ရောက်ရှိသွားခြင်းအပေါ် ဆုတောင်းပေးခဲ့ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်မှာ ခြေစွမ်းပြနိုင်လို့ ယူနိုက်တက်ကို ပေါင် ၇၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့ရာမှာ ဆိုးရွားတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ သူနဲ့ နည်းပြတန်ဟက်တို့ အကွဲအပြဲ ဖြစ်ရာက ဆန်ချိုဟာ ဒေါ့မွန်ကို ရာသီဝက် အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆန်ချိုနဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်တို့ ပြဿနာဖြစ်ပွားခဲ့တာပါ။

သူ့အသင်းဟောင်း ဒေါ့မွန်ကို ဆန်ချို ပြန်လည်ပြောင်းရွှေ့သွားတဲ့အပေါ် ပျော်ရွှင်နေပုံရပြီး အင်စတာဂရမ်မှာပါ အောင်ပွဲခံခဲ့ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်ကို ရာသီဝက်အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပါ။

တချိန်က စီးတီးအကယ်ဒမီမှာ တောက်ပခဲ့တဲ့ ဆန်ချိုဟာ အသင်းမှားကာ ပြောင်းရွှေ့ခဲ့တာကြောင့် ကစားသမားဘဝ အကောင်းဆုံး နှစ်အချို့ဟာ မထင်ပေါ်ဘဲ ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ စကားတစ်ချို့ကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဆန်ချိုဟာ ဒေါ့မွန်မှာတော့ ဆန်ချိုက ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

ဆန်ချိုတစ်ယောက် ဒေါ့မွန်ဂျာစီနဲ့အတူ နံပါတ် (၁၀) ကို ဝတ်ဆင်ထားတဲ့ပုံကို ဟာလန်းက “လှပသော” လို့ဆိုတဲ့ စာသားနဲ့အတူ ရေးသားကာ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဆန်ချိုနဲ့အတူ ဖလားရရှိထားတဲ့ပုံကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါသေးတယ်။