ရီးရဲလ်မက်ဒရစ်နဲ့ ဟာလန်းကြား ပေါင် သန်း ၁၀၀ တန် အပြောင်းအရွှေ့သတင်းကို စိတ်မပူတဲ့ မန်စီးတီး

ရီးရဲလ်မက်ဒရစ်ဟာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးကို စုံစမ်းနေပြီး ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သတင်းထွက်နေပါတယ်။

နည်းပြ အန်ဆလော့တီက ဟာလန်းရဲ့ ပရိသတ်ဖြစ်သလို တိုက်စစ်မှူးသစ် တစ်ဦး အလိုရှိနေရာမှာ ဒေါ့မွန်မှာကတည်းက အကြိုက်တွေ့ရတဲ့ နော်ဝေသားကို ခေါ်ယူဖို့ စဉ်းစားနေတာပါ။ ဒီအပြောင်းအရွှေ့ သတင်းတွေအပေါ် မန်စီးတီးဘက်က စိုးရိမ်တာမျိုး လုံး၀ မရှိဘူးလို့ သိရပါတယ်။

စီးတီးကတော့ ဟာလန်းဟာ မန်ချက်စတာမှာ ပျော်ရွှင်နေပြီး အသင်းနဲ့ပဲ ဆုဖလားတွေ စိန်ခေါ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ယုံကြည်ထားပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ စီးတီးနဲ့အတူ စာချုပ်သက်တမ်း ၃ နှစ်ခွဲ ကျန်နေသေးပြီး သူ့ကို ကလပ်ရဲ့ စံချိန်တင် လုပ်ခရှင်အဖြစ် သက်တမ်းတိုးဖို့လည်း မန်စီးတီးဘက်က စီစဉ်နေပါသေးတယ်။

၂၀၂၂ မှာ မန်စီးတီးကို ကူးပြောင်းစဉ် ဟာလန်းရဲ့ စာချုပ်ပါကြေးဟာ ယူရို သန်း ၂၀၀ ဖြစ်ပေမယ့်လို့ အဲ့တာက ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေနဲ့ပဲ အကြုံးဝင်မှာဖြစ်တယ်။ အင်္ဂလန်ပြင်ပ ကလပ်တွေက ဟာလန်းကို ခေါ်ယူလိုရင်တော့ ယူရို သန်း ၁၀၀ နဲ့တင် ထွက်ခွင့်ပေးရမယ် ဆိုတဲ့ အချက် ပါဝင်ထားပါတယ်။

ဟာလန်းဟာ ခြေချောင်းရိုး ဒဏ်ရာ ရနေတဲ့အတွက် ဒီဇင်ဘာလ အစောပိုင်းကတည်းက အနားယူနေရသူဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ တူ ပြန်ကစားဖို့ အဆင်သင့် အနေအထားကို ရောက်လာပါပြီ။

မန်စီးတီးအသင်း နောက် ဆုံး ကစားခဲ့တဲ့ ၈ ပွဲကို လွဲခဲ့တဲ့ နော်ဝေသားဟာ ဒီတစ်ပတ် ကစားမယ့် နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ ပြန်လာဖို့ ရှိနေပြီဖြစ်ပါတယ်။