နယူးကာဆယ် vs မန်စီးတီး ပွဲမှာ ဂိုးများပေမယ့် စီးတီးတို့ မနိုင်ပါဘူးဆိုတဲ့ ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်

မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၁၂ နာရီ တိတိ အချိန်၊ စိန့်ဂျိမ်းပါ့ခ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ နယူးကာဆယ်နဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ဒီပွဲက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နယူးကာဆယ်ကို အနိုင်ရစေချင်ပေမယ့် ဖြစ်လာမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာ ရမှတ် ဆုံးရှုံးခဲ့ရင် ကောင်းတဲ့ကိစ္စ မဟုတ်တာကြောင့် စီးတီးလည်း ဒီပွဲကိုနိုင်ဖို့ လိုပါတယ်။

ကျနော်ကတော့ သရေကျသွားမယ်လို့ပဲ ပြောချင်ပါတယ်။ နယူးကာဆယ်နဲ့ မန်စီးတီးတို့ကို ခန့်မှန်းလို့ မရနိုင်ပါဘူး။ မန်စီးတီးက သူတို့ ကစားတဲ့ ပုံစံတွေအတိုင်း မပြောင်းမလဲ ကစားမှာဖြစ်တယ်။

နယူးကာဆယ်ကလည်း အိမ်ကွင်းမှာ သိပ်ကောင်းတဲ့ ပရိသတ် အားပေးမှုတွေ ရထားပါတယ်။ ဒီအားပေးမှုတွေကြောင့် သူတို့ ဂိုးတွေရဖို့ ကြိုးစားမှာပါ။ မနှစ်တုန်းက ၃-၃ ရလဒ်လိုမျိုး ဂိုးတွေနဲ့ သရေရလဒ် ထွက်ပေါ်လာနိုင်ပါတယ်။ ” လို့ ဘာဘာတော့ဗ်က သုံးသပ်ထားပါတယ်။

ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ် ကတော့ နယူးကာဆယ် ၂-၂ မန်စီးတီး ဖြစ်ပါတယ်။