နယူးကာဆယ်နဲ့ မန်စီးတီးပွဲ ဂိုးပြတ်မယ်လို့ ဘီဘီစီမှ ခရစ်ဆက်တန် ပွဲကြို ရလဒ် ခန့်မှန်း

မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။
ဒီပွဲအတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် ကတော့ နယူးကာဆယ်နဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” ဒီပွဲကို ခန့်မှန်းဖို့ကတော့ ကျနော် ယုံကြည်ချက် ပိုရှိပါတယ်။ နယူးကာဆယ်အတွက် ကံမကောင်းတာက အခုက မန်စီးတီးကို ရင်ဆိုင်ဖို့ရာ အချိန်ကောင်း မဟုတ်တာပါပဲ။ ဂွာဒီယိုလာရဲ့ အသင်းက ပထမရာသီဝက်ကို အကောင်းဆုံး လုပ်ခဲ့ပေမယ့် သူတို့ရဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေခဲ့ပါဘူး။
အခု သူတို့မှာ ဒီဘရိုင်း ပြန်လာပါပြီ။ လက်ကျန် ရာသီကုန်ထိ မန်စီးတီးထံက ခြားနားတဲ့ ပုံစံတွေ မြင်ရမလားလို့ တွေးနေမိပါတယ်။
ပရီးမီးယားလိဂ်မှာ နယူးကာဆယ်က ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ဆန်းဒါးလန်းကို အက်ဖ်အေဖလားပွဲမှာ အနိုင်ရခဲ့တယ်။ အဲ့ပွဲမှာ ဒါဘီပြိုင်ဘက်ကို ရှုံးခဲ့မယ်ဆိုရင် အတ်ဒီဟောင်အပေါ် ဖိအားတွေ ရောက်လာတော့မှာပါ။
နယူးကာဆယ်တို့ ဘယ်လိုကစားမလဲ ကျနော်တို့ သိပါတယ်။ သူတို့က တိုက်စစ်ကစားမှာမို့ သွင်းဂိုးတွေ မြင်ရဖို့ ရှိပါတယ်။ ကျနော်ကတော့ စီးတီးက ဂိုးပိုသွင်းမယ် ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ နယူးကာဆယ် ၁-၃ မန်စီးတီး ဖြစ်ပါတယ်။