ဟာလန်း ဘောလုံးပြန် မကစားနိုင်သေးကြာင်း ထုတ်ပြောလာတဲ့ နည်းပြဂွာဒီယိုလာ

ဟာလန်းရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုကြာဦးမှာဖြစ်တာကြောင့် နောက်လ မတိုင်ခင်ထိ ပြန်ကစားနိုင်ဖွယ် မရှိသေးဘူးလို့ သိရပါတယ်။

စီးတီး ဆေးအဖွဲ့က ဒီအပတ်ထဲမှာ ဟာလန်းကို လေ့ကျင့်ရေးထဲ ပြန်ထည့်ခွင့်ပေးခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၉ ပွဲကို လွဲချော်ထားတဲ့ ဟာလန်းဟာ ဒီအပတ် နယူးကာဆယ်ပွဲကို ထပ်လွဲဦးမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ခြေထောက် ဒဏ်ရာကြောင့် အနားယူနေရပြီး အဘူဒါဘီမှာ ပြုလုပ်မယ့် အသင်းလိုက် လေ့ကျင့်ရေးမှာ ပြန်ပါနိုင်ဖွယ် ရှိနေပါတယ်။

ဟာလန်းကတော့ အသက်ရှုဖို့ အထောက်အကူပစ္စည်းဖြင့် လေ့ကျင့်နေတဲ့ ပုံရိပ်ကို လူမှုကွန်ယက်မှာ တင်သွားခဲ့ပါတယ်။

နယူးကာဆယ်ပွဲကြိုမှာ ဂွာဒီယိုလာက ‘ ဒီလကုန်လောက်တော့ ဟာလန်း အဆင်သင့်ဖြစ်နေမယ် မျှော်လင့်ပါတယ်။ ကျနော်တို့ မျှော်လင့်ထားတာထက် သူ့ရဲ့ ဒဏ်ရာက နည်းနည်းပိုနေပါတယ်။ အရိုးမှာဖြစ်တာဆိုတော့ အချိန်ပေးရပါမယ်။ ကျနော်တို့လည်း သူ့ကို လွမ်းနေပါတယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အခြားသော တိုက်စစ်သမားဖြစ်တဲ့ ဂရီလစ်ချ်ကလည်း ဗိုင်းရပ်ကြောင့် ကြံ့ခိုင်မှု ရုန်းကန်နေရသလို ဂျွန်စတုန်းလည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။