ဗန်ဒိုက်ရဲ့ လက်ရွေးစင် အသင်းဖော်က မန်စီးတီး အဝတ်လဲခန်းတွင်းက ရိုးသားမှုတစ်ခုကို ဖော်ထုတ်

မန်စီးတီးရဲ့ စီနီယာစတားများဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ သို့အထိ ဆင်းခဲ့ရတဲ့အထိ ရလဒ်ဆိုးရွားပြီးနောက် အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

နယ်သာလန်ခံစစ်မှူး နသန်အကီရဲ့ ပြောကြားမှုအရ အသင်းခေါင်းဆောင်များဖြစ်ကြတဲ့ ဝေါ်ကာ၊ ကီဗင်ဒီဘရိုင်း၊ ရူဘင်ဒိုင်ယက်စ်၊ ရိုဒရီနှင့် ဘာနာဒိုဆေးလ်ဗားတို့ဟာ အသင်းကို ဟန်ချက်ညီအောင် ပြုလုပ်ရေးအတွက် အရေးပေါ် အစည်းအဝေးခေါ်ဆိုမှု ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

မန်စီးတီးဟာ ဗီလာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ချဲလ်ဆီး၊ လီဗာပူး၊ စပါးစ်တို့နှင့် ၃ ပွဲဆက် သရေကျခဲ့ပါတယ်။

အကီက “အသင်းခေါင်းဆောင်တွေ ဦးစီးပြီး ကြီးမားတဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်။ တစ်ဦးနဲ့ တစ်ဦး ကောင်းမွန်တဲ့စကားပြောမှု ဖြစ်ခဲ့တယ်။ တစ်ဦးနဲ့ တစ်ဦး အပြစ်ပြောစရာ မရှိဘူး။ ဒါပေမဲ့ ရိုးသားရမယ်။ ကျွန်တော်တို လိုချင်သလို မဖြစ်လာတဲ့အခါ ပိုကောင်းအောင် လုပ်ဖို့ ကိုယ်ကိုယ်ကိုယ် ပြန်ကြည့်ရပါမယ်။

ပွဲတွေကို အနိုင်ရချင်တယ်။ ပွဲတွေ အများကြီးကစားဖို့ ကျန်နေသေးတယ်။ အခုအချိန်ကစပြီး ပြန်ကောင်းဖို့ လိုနေပါတယ်”လို့ The Telegraph သို့ ပြောကြားသွားပါတယ်။

ကစားသမားများအကြား ခံစားချက်ကို ရိုးသားစွာ ဖွင့်ဟပြောကြားလာမှုနှင့်အတူ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု မြင့်မားလာကြောင်းလည်း အကီကဆိုသွားပါတယ်။

မန်စီးတီးဟာ လက်ရှိအချိန်တွင် အမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ယနေ့ည နယူးကာဆယ်နှင့်ပွဲ အနိုင်ရပါက အဆင့် ၂ နေရာသို့ တက်လှမ်းနိုင်မှာဖြစ်သလို ထိပ်ဆုံးမှ လီဗာပူးနှင့် ၂ မှတ်သာ ကွာဟပါတော့မယ်။