ပရီးမီးယားလိဂ် ၄ ရာသီဆက် ချန်ပီယံဖြစ်အောင် လုပ်မယ်လို့ ဒီဘရိုင်း သတိပေးပြီ

စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ နယူးကာဆယ်ပွဲအပြီးမှာ သရဲနီဟောင်း ဝိန်းရွန်းနီရဲ့ ပရီးမီးယားလိဂ် ဂိုးထောက်ပံ့မှု ၁၀၃ ကြိမ်ကို တူညီစွာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘောလုံးရာသီ တစ်ခုလုံး ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒီဘရိုင်းဟာ လူစားဝင် ကစားသမားအဖြစ် ကွင်းထဲ ဝင်လာခဲ့တာပါ။ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၉၁ မိနစ်မှာ အသင်းဖော် အော်စကာအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဒီဘရိုင်းဟာ ယူနိုက်တက် အကျော်အမော်ဟောင်းဖြစ်တဲ့ ရွန်းနီနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် ဂိုးထောက်ပံ့မှု အများဆုံး မှတ်တမ်းကို ပူးတွဲ ရယူနိုင်ခဲ့ပါပြီ။

ဒီဘရိုင်းကတော့ ‘ ကျနော် ကစားပွဲတွေကို လွမ်းနေတာ။ ဒဏ်ရာကြီးရခဲ့တာမို့ ပြန်သက်သာလာဖို့ အချိန်ယူခဲ့ရတယ်။ ကိုယ့်ဘာသာအတွက် ပျော်ရွှင်ပါတယ်။ ဒီအခြေအနေမှာ မိနစ် ၉၀ အပြည့် မကစားနိုင်သေးဘူးဆိုတာ ကျနော် သိပါတယ်။

မိနစ် ၃၀ စာလောက်တော့ ကျနော် ပါနိုင်နေပါပြီ။ ဒီအအေးဒဏ်နဲ့ ကျနော် အဆုပ်က မခံနိုင်သေးတာကိုတော့ သိပါတယ်။ ဂိုးသွင်းနိုင်တာကော အော်စကာအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်တာကော သိပ်ကို ကောင်းပါတယ်။ သူ့ရဲ့ ပြေးလွှားမှု မပါဘဲ ကျနော် ဘောလုံး မပေးနိုင်ပါဘူး။

ကျနော်အတွက် အားလုံးက ပျော်ရွှင်ပေးနေကြတယ်။ ပရီးမီးယားလိဂ်ကို ထပ်ပြီး အနိုင်ရအောင် ကြိုးစားလိုပါတယ်။ ကျနော်တို့ အပေါ်ကို ပြန်တက်လာပါပြီ။ ခက်ခဲတဲ့ ပွဲကောင်းဖြစ်ခဲ့ပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။