လီဗာပူးနဲ့ မန်စီးတီးကို လိုက်မှီဖို့ ယူနိုက်တက် ဘာလုပ်နိုင်ရမလဲ အကြံပေးတဲ့ ဗန်ပါစီ
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို တစ်ကျော့ပြန် စိန်ခေါ်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံမှန် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ တည်ဆောက်မှုတွေ ပြုလုပ်နေတဲ့ ကလပ်အသင်းဖြစ်တယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ အသင်းက လီဗာပူးနဲ့ မန်စီးတီးလို အနေအထားကို ပြန်ရောက်ပြီး အသင်းတိုင်းကို ယှဉ်ပြိုင်ဖို့ဆိုရင် အိုထရတ်ဖိုဒ့်မှာ တည်ငြိမ်တဲ့ ခြေစွမ်းတွေကို အရင်ဆုံး ပြသနိုင်ဖို့ လိုပါမယ်လို့ ဆိုပါတယ်။ အိမ်ကွင်းအား ကောင်းမွန်မှုက ရလဒ်ကောင်းတွေအတွက် အရေးပါတဲ့ နေရာက ပါဝင်တာကို သူက ရှင်းပြခဲ့ပါတယ်။
တိုက်စစ်သမားဟောင်း ဗန်ပါစီက ” လာမယ့် ပွဲတွေမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျနေ်ာတို့ မသိနိုင်ပါဘူး။ ယူနိုက်တက်က ဆုဖလားတွေအတွက် ယှဉ်ပြိုင်ကစားဖို့ လုံလောက်တဲ့ တည်ငြိမ်မှု မရှိပါဘူး။
ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိတာက ခက်ခဲပါတယ်။ ဘာလို့လည်းဆိုတော့ မယုံနိုင်လောက်တဲ့ လီဗာပူးကို ရင်ဆိုင်ကစားဖို့ ထူးချွန်လွန်းတဲ့ မန်စီးတီးကို ရင်ဆိုင်ကစားဖို့ဆိုတာ တည်ငြိမ်ဖို့ လိုပါတယ်။ မန်စီးတီးက မနှစ်ကလို အဆင့်အတန်းမှာ မရှိပေမယ့် ကုန်ခဲ့တဲ့ နှစ်တွေကို အခြေခံ ကြည့်မယ်ဆိုရင် သူတို့နဲ့ လီဗာပူးက တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။
အဲ့သည်အဆင့်တွေကို ယူနိုက်တက် ရောက်အောင် သွားဖို့ဆိုရင် တည်ငြိမ်ဖို့ လိုပါတယ်။ ဘောလုံးမှာ ဒါက အခက်ခဲဆုံး အပိုင်းပါပဲ။ အကြောင်းကတော့ လိဂ်က ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်ပါတယ်။ အားလုံးကို မှန်ကန်အောင် လုပ်ရမှာဖြစ်ပြီး အရေးကြီးဆုံး စိန်ခေါ်မှုကတော့ တည်ငြိမ်ဖို့ပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ခြေစွမ်း မတည်ငြိမ်သလို ကြံ့ခိုင်မှုပိုင်းမှာလည်း ရုန်းကန်နေရတာပါ။ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာတဲ့နောက် ရလဒ်အတွက် ဦးတည်တဲ့ ယှဉ်ပြိုင်မှုတွေကို လုပ်လာနိုင်မယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ စိန္ေခၚဖို႔နဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပံုမွန္ ပါဝင္ယွဥ္ျပိဳင္ႏုိင္ဖို႔ တည္ေဆာက္မႈေတြ ျပဳလုပ္ေနတဲ့ ကလပ္အသင္းျဖစ္တယ္။
ယူႏုိက္တက္ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီကေတာ့ အသင္းက လီဗာပူးနဲ႔ မန္စီးတီးလို အေနအထားကို ျပန္ေရာက္ျပီး အသင္းတိုင္းကို ယွဥ္ျပိဳင္ဖို႔ဆိုရင္ အိုထရတ္ဖိုဒ့္မွာ တည္ျငိမ္တဲ့ ေျခစြမ္းေတြကို အရင္ဆံုး ျပသႏုိင္ဖို႔ လိုပါမယ္လို႔ ဆိုပါတယ္။ အိမ္ကြင္းအား ေကာင္းမြန္မႈက ရလဒ္ေကာင္းေတြအတြက္ အေရးပါတဲ့ ေနရာက ပါဝင္တာကို သူက ရွင္းျပခဲ့ပါတယ္။
တိုက္စစ္သမားေဟာင္း ဗန္ပါစီက ” လာမယ့္ ပြဲေတြမွာ ဘာေတြျဖစ္လာမယ္ဆိုတာကို က်ေန္ာတို႔ မသိႏုိင္ပါဘူး။ ယူႏုိက္တက္က ဆုဖလားေတြအတြက္ ယွဥ္ျပိဳင္ကစားဖို႔ လံုေလာက္တဲ့ တည္ျငိမ္မႈ မရွိပါဘူး။
ေျခစြမ္းပိုင္း တည္ျငိမ္မႈ မရွိတာက ခက္ခဲပါတယ္။ ဘာလို႔လည္းဆိုေတာ့ မယုံႏုိင္ေလာက္တဲ့ လီဗာပူးကို ရင္ဆုိင္ကစားဖို႔ ထူးခၽြန္လြန္းတဲ့ မန္စီးတီးကို ရင္ဆိုင္ကစားဖို႔ဆိုတာ တည္ျငိမ္ဖို႔ လိုပါတယ္။ မန္စီးတီးက မႏွစ္ကလို အဆင့္အတန္းမွာ မရွိေပမယ့္ ကုန္ခဲ့တဲ့ ႏွစ္ေတြကို အေျခခံ ၾကည့္မယ္ဆိုရင္ သူတို႔နဲ႔ လီဗာပူးက တကယ္ကို မယံုႏုိင္ေလာက္ေအာင္ပါပဲ။
အဲ့သည္အဆင့္ေတြကို ယူႏုိက္တက္ ေရာက္ေအာင္ သြားဖို႔ဆိုရင္ တည္ျငိမ္ဖို႔ လိုပါတယ္။ ေဘာလံုးမွာ ဒါက အခက္ခဲဆံုး အပိုင္းပါပဲ။ အေၾကာင္းကေတာ့ လိဂ္က ျပိဳင္ဆိုင္မႈ အရမ္း ျပင္းထန္ပါတယ္။ အားလံုးကို မွန္ကန္ေအာင္ လုပ္ရမွာျဖစ္ျပီး အေရးၾကီးဆံုး စိန္ေခၚမႈကေတာ့ တည္ျငိမ္ဖို႔ပါပဲ ” လို႔ ဆိုခဲ့့တာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ေျခစြမ္း မတည္ျငိမ္သလို ၾကံ႔ခိုင္မႈပိုင္းမွာလည္း ရုန္းကန္ေနရတာပါ။ ဒဏ္ရာရ ကစားသမားေတြ ျပန္သက္သာလာတဲ့ေနာက္ ရလဒ္အတြက္ ဦးတည္တဲ့ ယွဥ္ျပိဳင္မႈေတြကို လုပ္လာႏုိင္မယ္လို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။