ရီးရဲလ်မက်ဒရစ်က ဟာလန်းကို သန်း ၁၀၀ တန် လျော့စျေးဖြင့် ခေါ်ယူနိုင်ဖို့ စုံစမ်းနေခြင်း

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်တို့ ဒီနွေမှာ အလွတ်ဖြင့် ခေါ်ယူရေးဟာ မျှော်လင့်ထားသလို လွယ်ကူစွာပြီးဆုံးမယ့် အခြေအနေမျိုးမှာ ရှိမနေပါဘူး။
သို့ပေမယ့်လို့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဟာ ပြင်သစ်ကနေ ထွက်ခွာဖွယ် မရှိကြောင်း စိုးရိမ်လာရခြင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ အခြေအနေကိုလည်း စတင် လေ့လာနေပါပြီ။
၂၀၂၂ မှာ မန်စီးတီးကို ယူရို သန်း ၆၀ နဲ့တင် ကူးပြောင်းစဉ် ဟာလန်းရဲ့ စာချုပ်ထဲမှာတော့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ အလားတူ သဘောတူညီမှုမျိုး ထည့်သွင်းထားခဲ့ပါတယ်။
ဟာလန်းရဲ့ စာချုပ်ပါကြေးဟာ ယူရို သန်း ၂၀၀ ဖြစ်ပေမယ့်လို့ အဲ့တာက ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေနဲ့ပဲ အကြုံးဝင်မှာဖြစ်တယ်။ အင်္ဂလန်ပြင်ပ ကလပ်တွေက ဟာလန်းကို ခေါ်ယူလိုရင်တော့ ယူရို သန်း ၁၀၀ နဲ့တင် ထွက်ခွင့်ပေးရမယ် ဆိုတဲ့ အချက် ပါဝင်ထားပါတယ်။
Forbes ကတော့ ရီးရဲလ်မက်ဒရစ်ဟာ ဟာလန်းရဲ့ အခြေအနေကို တီးခေါက်ရင်း အဆိုပါ စာချုပ်ကိစ္စကို သိထားရကြောင်းနဲ့ အမ်ဘာပေကို မခေါ်ယူနိုင်ရင် ပလန်ဘီအဖြစ် ဟာလန်းကို ကြိုးစားနိုင်ကြောင်း ဖော်ပြလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်၊ ဗင်နီးဗီးယက်စ်အပြင် လာမယ့်ရာသီ အန်းဒရစ်လို ကစားသမားသစ်ကိုလည်း ထပ်ရဦးမှာဖြစ်ပေမယ့် ရော်နယ်ဒိုလို မီဂါစတား တစ်ဦးကို ထပ်ရလိုတာမို့ ဘာပေနဲ့ ဟာလန်းတို့ကို ချိန်ရွယ်နေခြင်းလို့လည်း သိလာရတာ ဖြစ်ပါတယ်။