ကစားသမားတစ်ယောက် ရခဲလှတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်နေတဲ့ စီးတီး ကွင်းလယ်လူ ရိုဒရီ

မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ သူပါဝင်ကစားတဲ့ ပြိုင်ပွဲစုံ ပွဲတွေမှာ ပွဲ ၅၀ ထိ ရှုံးပွဲမရှိတဲ့ စံချိန်ရှိလာပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားထားပြီး ၄ ပွဲထိ ရှုံးနိမ့်ထားပါပြီ။ ဒါပေမယ့် အဆိုပါ ၄ ပွဲလုံးမှာ ရိုဒရီ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ ရိုဒရီဟာ မန်စီးတီးရဲ့ မရှိမဖြစ် ကစားသမားလို့တောင် သုံးသပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ရိုဒရီ မပါဝင်တဲ့ ပွဲတွေမှာ ခြေစွမ်းပိုင်း ရုန်းကန်ကန်ခဲ့ရတယ်။ ကာရာဘောင်းဖလားပြိုင်ပွဲမှာ နယူးကာဆယ်၊ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်၊ အာဆင်နယ်နှင့် အက်စတွန်ဗီလာတို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။

ရိုဒရီဟာ ဘောလုံးလုရင်း ဖောရက်စ်ကွင်းလယ်လူ ဂစ်ဘ်စ်-ဝှိုက်ကို လည်မျိုဆောင့်တွန်းခဲ့တဲ့ အတွက် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရသလို ၃ ပွဲပယ် ပြစ်ဒဏ် ရင်ဆိုင်ခဲ့ရတာပါ။

ပက်ဂွာဒီယိုလာက “ ကျွန်တော် ရိုဒရီနဲ့ ပတ်သက်ပြီးတော့ ဒေါသထွက်မိပါတယ်၊ ရိုဒရီအနေနဲ့ သူ့ဒေါသ သူထိန်းရပါမယ်၊ ဒီနေ့ပွဲစဉ်မှာ ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား မဟုတ်ခဲ့ပါဘူး၊ ဒီဖြစ်ရပ်ကနေ ရိုဒရီအနေနဲ့ သင်ယူမယ်လို့ မျှော်လင့်ပါတယ် “ လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီ ပါဝင်ပြီး မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဥရောပရဲ့ ထိပ်ဆုံး အဆင့်တွေမှာ ကစားပြီး ရိုဒရီအနေဖြင့် ရှုံးပွဲမရှိတဲ့ကာလ တစ်နှစ်ပြည့်တော့မည်ဖြစ်ပါတယ်။