ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူစာရင်းမှာ မန်ယူကစားသမားဟောင်း နှစ်ဦးရဲ့နောက် ပို့ခံခဲ့ရတဲ့ ဒီဘရိုင်း

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးကွင်းလယ် ကစားသမားမဟုတ်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း ခရစ်ဆက်တန်က သုံးသပ်ပြောပါတယ်။

ဒီဘရိုင်းဟာ စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို အသင်းအတွက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံလိဂ်ဆုဖလားရရှိအောင်လည်း ကူညီနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့တစ်ပတ်က ဒဏ်ရာကနေ ၅ လကြာအနားယူပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ပြီး ချေပဂိုးသွင်းခဲ့သလို အနိုင်ဂိုးအတွကလည်း ဖန်တီးခဲ့တာပါ။

ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံးသော ကစားသမားစာရင်းမှာပါဝင်ပေမဲ့ အကောင်းဆုံးတော့ ဟုတ်ကြောင်း၊ ဒီဘရိုင်း ထက်ပိုကောင်းတဲ့ သူနှစ်ဦး ရှိသေးကြောင်း ဆက်တန်က ပြောပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးကစားသမား ၅ ဦးရှိပြီး ဗီအဲယာက နံပါတ် ၅၊ ဖရန့်လမ်းပတ်က နံပါတ် ၄၊ ဒီဘရိုင်းက နံပါတ် ၃ နေရာမှာရှိကြောင်း ဆက်တန်က ပြောပါတယ်။

နံပါတ် ၂ နေရာမှာ မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းရှိပြီး အကောင်းဆုံး ကွင်းလယ်က စားသမားကတော့ ပေါလ်စခိုးဖြစ်ကြောင်း ဆက်တန်က သုံးသပ်သွားတာဖြစ်ပါတယ်။