ဟာလန်း၊ မက်ဆီ ဦးဆောင်တဲ့ ၃-၃-၄ ကစားကွက်နဲ့ FIFPRO အကောင်းဆုံးအသင်း
လန်ဒန်မှာ ပြုလုပ်သွားတဲ့ ဖီဖာ တစ်နှစ်တာ အကောင်းဆုံးဆု ဆုပေးပွဲမှာတော့ မန်စီးတီး ကစားသမားတွေဟာ FIFPRO ကမ္ဘာ့အကောင်းဆုံး အမျိုးသားအသင်းကို လွှမ်းမိုးသွားခဲ့ပါတယ်။
မနှစ်ကရာသီအတွင်း ပရော်ဖက်ရှင်နယ် ကစားသမားပေါင်း ၂၈၀၀၀ ကျော်ရဲ့ မဲပေးမှုနဲ့အတူ ဒီအသင်းကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အများစုကတော့ မနှစ်ကရာသီ ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ မန်စီးတီး ကစားသမားတွေကို အကောင်းဆုံးတွေအဖြစ် ရွေးချယ်ခဲ့ကြတယ်။
ဥရောပ ပြင်ပကဆိုရင် မက်ဆီ တစ်ဦးတည်း ပါဝင်လာခဲ့ကာ ၃-၃-၄ ကစားကွက်နဲ့ အကောင်းဆုံး ကစားသမားတွေကို စုစည်းခဲ့ခြင်း ဖြစ်ပါတယ်။
ဂိုးသမားနေရာအတွက် ရီးရဲလ်မှ ကော်တွိုက်စ်ကို ရွေးချယ်ခဲ့ပြီး ခံစစ်မှာတော့ ဝေါ်ကာ၊ ဒီယက်စ်၊ ဂျွန်စတုန်းတို့ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ဒီဘရိုင်း၊ ဘာနာဒိုတို့နဲ့အတူ ရီးရဲလ်မက်ဒရစ်မှ ဘယ်လင်ဟမ် ပါဝင်လာခဲ့တယ်။
တိုက်စစ် ၄ ယောက်တန်းအဖြစ်တော့ ဟာလန်း၊ အမ်ဘာပေ၊ ဗင်နီးဆီးယက်စ်တို့နဲ့အတူ မေဂျာလိဂ် တိုက်စစ်မှူး မက်ဆီကို ရွေးချယ်ခဲ့ကြပါတယ်။
ဒီနှစ်ရဲ့ ဖီဖာ အကောင်းဆုံး ကစားသမားဆုကို မက်ဆီနဲ့ ဟာလန်းတို့ အပြိုင် ဖြစ်ခဲ့ပေမယ့် မက်ဆီကပဲ အနိုင်ရရှိသွားပါတယ်။
မန်စီးတီးရဲ့ အောင်မြင်မှုကြောင့်ပဲ The Best FIFA men’s coach ဆုကို ဂွာဒီယိုလာ ရရှိခဲ့ပါသေးတယ်။