မာရှယ်ကို ပြောင်းကစားတဲ့ နေရာကနေ တစ်ရာသီ သွင်းဂိုး ဘယ်လောက် မှန်းထားသလဲ ဖွင့်ဟတဲ့ အိုလီ
မန်နေဂျာဆိုးရှားက အဓိက တိုက်စစ်မှူး ရပ်ဖိုဒ့် ဒဏ်ရာရနေချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ပေးနေပြီး သွင်းဂိုးတွေပါ ရယူပေးနေတဲ့ မာရှယ်နဲ့ ပက်သက်ပြီး ထုတ်ဖော် ချီးကျူးမှု ပြုလုပ်သွားပါတယ်။
ဆိုးရှားကတော့ မာရှယ် အနေနဲ့ လက်ရှိ အခြေအနေတွေကို ဆက်လက် ထိန်သိမ်းနိုင်မယ်ဆိုရင် တစ်ရာသီ သွင်းဂိုး ၂၀ လောက်ကို သွင်းယူလာနိုင်လိမ့်မယ်လို့ ဆိုခဲ့တယ်။ ယူနိုက်တက်ရဲ့ ဖန်တီးမှုတွေက ပိုမို ကောင်းမွန်လာဖို့ ရှိနေတာကြောင့် မန်နေဂျာရဲ့ မျှော်မှန်းချက်ကို မာရှယ် ဖြည့်စွက်ပေးနိုင်ဖို့လည်း ရှိနေပါတယ်။
ဆိုးရှားက ” မာရှယ်က ရှေ့ဆက်ပြီးလည်း ပုံစံကောင်းတွေကို ဆက်လက် ထိန်းသိမ်းပြီး ဂိုးတွေကို သွင်းယူမယ်ဆိုရင် တစ်ရာသီ သွင်းဂိုး ၂၀ ထိ သွင်းနိုင်မယ် ကစားသမားဆိုတာ သေချာပါတယ်။ သူက ထိပ်တန်း အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားပြီး အဆုံးသတ်ပိုင်းလည်း ကောင်းမွန်သူဖြစ်တယ်။
ပွဲအတွင်းမှာ ရရှိတဲ့ အခွင့်အရေးကောင်းတွေကို အကောင်းဆုံး ရယူနိုင်ပြီး သူ့ရဲ့ အဆုံးသတ်ပိုင်း နည်းစနစ်တွေက ထူးချွန်လှပါတယ်။ သူ့ရဲ့ ဘောလုံးလက်ခံရရှိပုံက ကေကာင်းမွန်မှုဖြစ်ပြီး false 9 မှာလည်း အကောင်းဆုံး ကစားနိုင်ပါတယ်။ သူ့ထံက ရုပ်ပိုင်းဆိုင်ရာ ပိုပြီး ကြံ့ခိုင်လာမှုတွေကို ကျနော် အလိုရှိပါတယ်။
မာရှယ်ကော ရပ်ဖိုဒ့်မှာ အသင်းအတွက် တောင်ပံ တိုက်စစ်သမားတွေအဖြစ် တော်တော်လေး ကစားပေးခဲ့ကြသူတွေဖြစ်တယ်။ မာရှယ်က တောင်ပံ တိုက်စစ်သမားအဖြစ် နှစ်တွေ အများကြီး ကစားပေးခဲ့ပေမယ့် သူ့ကို အထောင် တိုက်စစ်သမားအဖြစ် ပြန်ပြီး ကစားစေလိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
တော်မီနေး ပြန်ပါလာပြီး ဖာနန်ဒက်စ် အသားကျလာတဲ့နောက် မာရှယ်ဟာ ကွင်းလယ်ကနေ ဖန်တီးပေးလာမှုတွေကို သွင်းဂိုးတွေအဖြစ် ဘယ်လောက်ထိ တိုးတက်အောင် လုပ်ဆောင်လာနိုင်မလဲဆိုတာကလည်း ယူနိုက်တက်အတွက် အရေးပါလာခဲ့ပါပြီ။
ZAWGYI
မန္ေနဂ်ာဆိုးရွားက အဓိက တိုက္စစ္မွဴး ရပ္ဖိုဒ့္ ဒဏ္ရာရေနခ်ိန္မွာ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ေပးေနျပီး သြင္းဂိုးေတြပါ ရယူေပးေနတဲ့ မာရွယ္နဲ႔ ပက္သက္ျပီး ထုတ္ေဖာ္ ခ်ီးက်ဴးမႈ ျပဳလုပ္သြားပါတယ္။
ဆိုးရွားကေတာ့ မာရွယ္ အေနနဲ႔ လက္ရွိ အေျခအေနေတြကို ဆက္လက္ ထိန္သိမ္းႏုိင္မယ္ဆိုရင္ တစ္ရာသီ သြင္းဂိုး ၂၀ ေလာက္ကို သြင္းယူလာႏုိင္လိမ့္မယ္လို႔ ဆိုခဲ့တယ္။ ယူႏုိက္တက္ရဲ႕ ဖန္တီးမႈေတြက ပိုမို ေကာင္းမြန္လာဖို႔ ရွိေနတာေၾကာင့္ မန္ေနဂ်ာရဲ႕ ေမွ်ာ္မွန္းခ်က္ကို မာရွယ္ ျဖည့္စြက္ေပးႏုိင္ဖို႔လည္း ရွိေနပါတယ္။
ဆိုးရွားက ” မာရွယ္က ေရွ႔ဆက္ျပီးလည္း ပံုစံေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းျပီး ဂိုးေတြကို သြင္းယူမယ္ဆိုရင္ တစ္ရာသီ သြင္းဂိုး ၂၀ ထိ သြင္းႏုိင္မယ္ ကစားသမားဆိုတာ ေသခ်ာပါတယ္။ သူက ထိပ္တန္း အရည္အခ်င္းေကာင္းေတြကို ပိုင္ဆုိင္ထားျပီး အဆံုးသတ္ပိုင္းလည္း ေကာင္းမြန္သူျဖစ္တယ္။
ပြဲအတြင္းမွာ ရရွိတဲ့ အခြင့္အေရးေကာင္းေတြကို အေကာင္းဆံုး ရယူႏုိင္ျပီး သူ႔ရဲ႔ အဆံုးသတ္ပိုင္း နည္းစနစ္ေတြက ထူးခၽြန္လွပါတယ္။ သူ႔ရဲ႔ ေဘာလံုးလက္ခံရရွိပံုက ေကကာင္းမြန္မႈျဖစ္ျပီး false 9 မွာလည္း အေကာင္းဆံုး ကစားႏုိင္ပါတယ္။ သူ႔ထံက ရုပ္ပိုင္းဆိုင္ရာ ပိုျပီး ၾကံ႕ခိုင္လာမႈေတြကို က်ေနာ္ အလုိရွိပါတယ္။
မာရွယ္ေကာ ရပ္ဖိုဒ့္မွာ အသင္းအတြက္ ေတာင္ပံ တိုက္စစ္သမားေတြအျဖစ္ ေတာ္ေတာ္ေလး ကစားေပးခဲ့ၾကသူေတြျဖစ္တယ္။ မာရွယ္က ေတာင္ပံ တိုက္စစ္သမားအျဖစ္ ႏွစ္ေတြ အမ်ားၾကီး ကစားေပးခဲ့ေပမယ့္ သူ႔ကို အေထာင္ တိုက္စစ္သမားအျဖစ္ ျပန္ျပီး ကစားေစလိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။
ေတာ္မီေနး ျပန္ပါလာျပီး ဖာနန္ဒက္စ္ အသားက်လာတဲ့ေနာက္ မာရွယ္ဟာ ကြင္းလယ္ကေန ဖန္တီးေပးလာမႈေတြကို သြင္းဂိုးေတြအျဖစ္ ဘယ္ေလာက္ထိ တိုးတက္ေအာင္ လုပ္ေဆာင္လာႏုိင္မလဲဆိုတာကလည္း ယူႏုိက္တက္အတြက္ အေရးပါလာခဲ့ပါျပီ။