ရာသီဝက်မှာတင် နည်းပြပျောက်မယ့်အရေး ရင်ဆိုင်နေရတဲ့ စီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက်
ဘာစီလိုနာအသင်းဟာ သူတို့ အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်နဲ့ လက်တွဲဖြုတ်ပြီးရင် အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာနဲ့ ပြန်လည် အစားထိုးချင်နေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် (၄)နေရာထိ ရောက်ရှိနေသလို စပိန် စူပါဖလား ဗိုလ်လုပွဲမှာလည်း မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကိုပါ (၄)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အရှုံးပေးထားခဲ့ရပြီး ဖလားတစ်လုံး လက်လွတ်လိုက်ရပါတယ်။
ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာအတွက် လာလီဂါဖလား နဲ့ စပိန် စူပါဖလားတွေ ရယူပေးခဲ့ပေမယ့် ဒီရာသီမှာ ဒီရာသီထဲ ဇာဗီရဲ့ နည်းဗျူဟာတွေက မေးခွန်းထုတ်စရာ သံသယဝင်စရာတွေ ဖြစ်လာခဲ့ရပြီး ဒါဟာလည်း စူပါဖလား ဗိုလ်လုပွဲအတွင်းမှာ ပိုမို သိသာထင်ရှားခဲ့ပါတယ်။
ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့က ဇာဗီအပေါ်ကို သံသယဝင်စပြုလာကြပါတယ်။ ဇာဗီကို အသင်းကနေ ချက်ချင်းကြီး ရုတ်တရက် ထုတ်ပယ်သွားဖို့ကလည်း အစားထိုးစရာ နည်းပြလိုအပ်နေတာပါ။
တကယ်လို့ ဇာဗီနဲ့သာ လမ်းခွဲခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာဘက်က အာဆင်နယ် နည်းပြ အာတီတာကို ဇာဗီနေရာအတွက် အစားထိုးသွားချင်နေပါတယ်။ ဒါဟာ ဒီရာသီမှာတင် ဖြစ်မလား ဒါမှမဟုတ် ရာသီကုန်မှဖြစ်မလားကတော့ ဘာစီလိုနာရဲ့ ရလဒ်တွေအပေါ် မူတည်နေပါတယ်။
အာတီတာ လာမာစီယာ အကယ်ဒမီထွက်ဖြစ်ခဲ့သလို အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်နေသူ ဖြစ်လို့ သူ့ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။