ဘဏ္ဍာရေးချိုးဖောက်မှုတွေကြောင့် တန်းဆင်းရနိုင်ကြောင်း စီးတီးဝန်ထမ်းဟောင်း ဖော်ထုတ်လာ

မန်စီးတီးအသင်းအပေါ် စွပ်စွဲထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု သက်သေပြသနိုင်မယ်ဆိုရင် တန်းဆင်းပြစ်ဒဏ် ခံရနိုင်တယ်လို့ မန်စီးတီးအသင်းရဲ့ အကြံပေးဟောင်းက ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၈ ခုနှစ်ကနေစတင်ပြီး ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး စုံစမ်းစစ်ဆေး ခံနေရတာပါ။

မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြံပေးအဖြစ် တာဝန်ယူခဲ့သူ စတီဖန်ဘော်ဆန်ကတော့ ပရီးမီးယားလိဂ်ဘက်က သက်သေပြသနိုင်မယ်ဆိုရင်တော့ မန်စီးတီးအနေနဲ့ အနည်းဆုံးတန်းဆင်း ခံရနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။

စီးတီးအကြံပေးဟောင်း စတီဖန်ဘော်ဆန်က “မန်စီးတီးနဲ့ တခြားအသင်းတွေရဲ့ စည်မျဉ်းချိုးဖောက်မှု အတိုင်းအတာက လုံးဝကွဲပြားခြားနားပါတယ်။

အက်ဖ်အေဘက်က စွပ်စွဲချက်တွေကို သက်သေပြ သနိုင်မယ်ဆိုရင်တော့ အနည်းဆုံးပြစ်ဒဏ်က တန်းဆင်းစေတာနဲ့ အဆုံးသတ်မယ်ဆိုတာ မေးခွန်း ထုတ်စရာမရှိပါဘူး” လို့ ပြောပါတယ်။

အက်ဖ်အေ ဘက်ကတော့ မန်စီးတီးအသင်းအပေါ် စုံစမ်းစစ်ဆေးမှုတွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ အပြီးသတ် စစ်ဆေးကြားနာမှာ ဖြစ်ကြောင်းထုတ်ပြန်ထား ပါတယ်။