ဟာလန်းလို ဂိုးသွင်းမုဆိုးကို ကျော်ပြီး ဆုရခြင်းအတွက် အရမ်း ဂုဏ်ယူကြောင်း ထုတ်ပြောသွားတဲ့ ရော်နယ်ဒို

ဆော်ဒီကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ရဲ့ အကောင်းဆုံး ဆုပေးပွဲတစ်ခုမှာ ဟာလန်းကို ကျော်ပြီး ဆုရခဲ့ပါတယ်။

Globe Soccer Award ဆုပေးပွဲမှာ ၂၀၂၃ ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ စံချိန်တစ်ခုကို ဟာလန်း၊ အမ်ဘာပေတို့လို တက်သစ်စ ကြယ်ပွင့် တိုက်စစ်မှူးတွေအား ကျော်ဖြတ်ကာရရှိခဲ့လို့ ဂုဏ်ယူမိကြောင်း ရော်နယ်ဒိုက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ အယ် နက်ဆာနဲ့ ပေါ်တူဂီ အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုက ၂၀၂၃ခုနှစ် အတွင်းမှာ ပြိုင်ပွဲစုံ ၅၄ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ဟယ်ရီကိန်း (၅၂ဂိုး) ၊ အမ်ဘာပေ (၅၂ဂိုး) နဲ့ ဟာလန်း (၅၀ဂိုး) တို့ကို ကျော်ဖြတ်ကာ ၂၀၂၃ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ စံချိန်မှတ်တမ်းကို သိမ်းပိုက် ရရှိခဲ့ပါတယ်။

အဲ့ဒီစံချိန်ကြောင့်ပဲ ရိုနယ်ဒိုက Globe Soccer Award ဆုပေးပွဲမှာ တနှစ်တာ ဂိုးသွင်းအများဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့ပြီး ရိုနယ်ဒိုကတော့ သူ့ရဲ့ အသက်အရွယ်မှာ ဟာလန်းလို တက်သစ်စကြယ်ပွင့်ကို ကျော်ဖြတ်ကာ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ပြောလာပါတယ်။

ရိုနယ်ဒိုက “ကျွန်တော်က ဒီနှစ်ရဲ့ အကောင်းဆုံး ဂိုးသွင်းသူပါ။ ဟာလန်းလို ငယ်ရွယ်ပြီး တက်ကြွနေတဲ့ သားရဲတွေကို အနိုင်ယူရတဲ့ ခံစားချက်ကို တွေးကြည့်စမ်းပါ။ ကျွန်တော်က အဲ့ဒီလို လုပ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။

ပြီးတော့ မကြာခင် ကျွန်တော်က အသက် ၃၉နှစ်လည်း ပြည့်တော့မယ်လေ။ လူတွေက ကျွန်တော့်ကို သံသယဝင်တဲ့ အချိန် ကျွန်တော်က အောင်မြင်အောင် လုပ်ပြရတာမျိုးကို သဘောကျပါတယ်။ ကျွန်တော်က ဝေဖန်သံတွေကြောင့် ပြိုလဲသွားမယ့်သူ မဟုတ်ဘူး” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောကြားသွားခဲ့တာပါ။