သူ စောင့်ကြည့်ဖို့ရာ နှစ်သက်ရတဲ့ ဘောလုံးအသင်းနာမည်ကို ခရစ္စတီယာနို ရော်နယ်ဒို ထုတ်ပြောခဲ့ပါပြီ
ရော်နယ်ဒိုဟာ သူ စောင့်ကြည့်ဖို့ရာ အနှစ်သက်ဆုံး ဘောလုံးအသင်းကို မေးမြန်းခဲ့ရာမှာ မန်ချက်စတာ အခြေစိုက်ကလပ် မန်စီးတီးဖြစ်ကြောင်း ထုတ်ပြောမှု ထွက်ပေါ်နေပါတယ်။
Global Soccer Awards ဆုပေးပွဲမှာ ဟာလန်းကို ကျော်ပြီး အကောင်းဆုံးဂိုးသွင်းရှင်ဆု အောင်မြင်ခဲ့တဲ့ ရော်နယ်ဒိုက မန်စီးတီးအပေါ် သူ့ရဲ့ အထင်ကြီးမှုတွေအား ဖော်ထုတ်လာခဲ့တာပါ။
ရော်နယ်ဒိုက “ မန်စီးတီးက သူတို့ရဲ့ ရာသီတစ်ခုအတွက် အံ့အားသင့်ဖွယ် ဂုဏ်ပြုမှုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ကစားသမားတွေ၊ နည်းပြနဲ့ အရန်ခုံက ကစားသမားတွေကအစပေါ့။ သူတို့က နောက်ဆုံးမှာတော့ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ခဲ့ပါပြီ”
“သူတို့က ဒီလိုအောင်မြင်မှုမျိုးနဲ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ထိုက်တန်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ ကစားတာကို ကြည့်ရတာ ကျွန်တော် သဘောကျပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းကို ကျော်ပြီး ဆုရခြင်းအတွက်လည်း ရိုနယ်ဒိုက “ကျွန်တော်က ဒီနှစ်ရဲ့ အကောင်းဆုံး ဂိုးသွင်းသူပါ။ ဟာလန်းလို ငယ်ရွယ်ပြီး တက်ကြွနေတဲ့ သားရဲတွေကို အနိုင်ယူရတဲ့ ခံစားချက်ကို တွေးကြည့်စမ်းပါ။ ကျွန်တော်က အဲ့ဒီလို လုပ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးတဲ့ နှစ်တွေအတွင်း မန်စီးတီးကို ရောက်လာဖို့ နီးစပ်ခဲ့သေးပေမယ့် ယူနိုက်တက်ကိုပဲ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ကျော့ပြန် ခရီးလမ်းမှာတော့ အဆင်မပြေမှုတွေနဲ့အတူ ရော်နယ်ဒိုက မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ရတာပဲဖြစ်ပါတယ်။