ကောင်းသော ခေါင်းကိုက်ရခြင်းတွေ ရင်ဆိုင်နေရပြီဖြစ်တဲ့ နည်းပြဂွာဒီယိုလာ
ရက်သတ္တပတ် ၆ ပတ်ကြာ အနားယူခဲ့ရတဲ့ တိုက်စစ်မှူးဟာလန်းဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပါပြီ။
ဟာလန်းဟာ ခြေထောက် ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ပြန်သက်သာလာတာကြောင့် လက်ရှိအချိန်မှာ ယူအေအီးနိုင်ငံဒူဘိုင်းမှာ လေ့ကျင့်နေတဲ့ မန်စီးတီးအသင်းနဲ့အတူ ဟာလန်းဟာလည်း အသင်းလိုက် လေ့ကျင့်ရေးတွေကို ပူးပေါင်းနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ရာသီဝက်ကာလအထိ အဓိက ကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဟာလန်းတို့ကို တွဲဖက်အသုံးပြုနိုင်ခြင်း မရှိခဲ့တာပါ။ ဒီဘရိုင်းကတော့ သူပါဝင်ကစားတဲ့ ပထမဆုံး ပွဲစဉ်မှာတင် ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။
နွေးထွေးတဲ့ အရှေ့အလယ်ပိုင်းဒေသက လေ့ကျင့်ရေးမှာ ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြတဲ့ နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ တောင်ပံတိုက်စစ်မှူး ဒိုကူတို့လည်း ပူးပေါင်းလေ့ကျင့် နိုင်ခဲ့ ပါတယ်။
လက်ရှိအချိန်မှာတော့ အဓိက ကစားသမားတွေအားလုံး ပြန်လည် ကစားနိုင်တော့မှာဖြစ်လို့ နည်းပြဂွါဒီယိုလာအတွက် ပွဲထွက်လူစာရင်း ရွေးချယ်ရာမှာ ခေါင်းခဲ ရဖို့ရှိပါတယ်။
စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ် ကစားရမှာဖြစ်ပြီး အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားသွား ရမှာဖြစ်ပါတယ်။