ဒီည လန်ဒန်မှာကန်မယ့် စပါး Vs မန်စီးတီး ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ခရစ်ဆက်တန် ကြိုတင် ဟောကိန်းထုတ် ခန့်မှန်းလိုက်ပါပြီ

ဒီတပတ် ကစားမ,့ျ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ ထဲမှာ တော့တင်ဟမ်စပါးအသင်းနဲ့ မန်စီးတီး အသင်းတို့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင်ကြမယ့် ပွဲကတော့ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေပါတယ်။

ဒီပွဲစဉ်ကတော့ ဒီ သောကြာည/ စနေနေ့ နံနက် အစော ၂း၃ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ စပါးနဲ့ မန်စီးတီးတို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

စီးတီးက တော့တင်ဟမ် စပါးအသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ထားတဲ့ နောက်ဆုံး ၅ ပွဲမှာ နိုင်ဖို့ မပြောနဲ့ ဂိုးတောင် မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတကြိမ်မှ စီးတီးတို့ ဂိုးမသွင်းနိုင်ရင် ကျွန်တော်တော့ ရှော့ခ်တောင် ရမိမှာပဲ။

ကျွန်တော် စပါးအသင်းကို အတော်ကြီး စာနာမိပါတယ်။ စီးတီးဘက်မှာ ဒီဘရိုင်း ပြန်ပါလာသလို ဟာလန်းလည်း ပါဝင်နိုင်ခြေ ရှိပေမယ့် သူတို့ဘက်မှာ ဆွန်ဟောင်မင်ကို အာရှဖလားပွဲ အတွက် လက်လွှတ်ထားရတယ်။

ဒီပွဲက ဒီအဆင့်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲ ဖြစ်မှာပါ။ ဒါပေမယ့် နည်းပြ ပက် ဂွာဒီယိုလာက အက်ဖ်အေဖလား ပွဲတွေမှာ လူအင်အားတောင့်တောင့်နဲ့ပဲ အမြဲ ကစားလေ့ ရှိတယ်။ ဒီတော့ ဆွန်မပါတဲ့ စပါး အသင်း ကိုလက်ရှိ ချန်ပီယံတွေက အသာရသွားမှာပါ။

ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

တော့တင်ဟမ် စပါး 2-3 မန်စီးတီး။