မက်ဆီ လက်သစ် ခေါ်လိုက်ခြင်း၊ ပက်ရဲ့ ပြိုင်ဘက်ကြီး နှုတ်ထွက်မှု၊ အငှားထွက်သွားတဲ့ ဖီးလစ် စတဲ့ မန်စီးတီး ထူးခြား သတင်းများ
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ၎င်းတို့အသင်းမှ ထွက်ခွါသွားခဲ့တဲ့ စီအီးအို ဘာရန်ဒါတစ်ယောက် မန်ယူအသင်းကို အောင်မြင်မှုတွေ ယူဆောင်လာပေးနိုင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ်။
ဒါ့အပြင် အသင်းဘဏ္ဍာရေး စည်းမျဉ်းပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ၎င်းတို့အသင်းကို နာမည်တပ်ပြောဆိုခဲ့တဲ့ ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်ကိုလည်း ဂွာဒီယိုလာတစ်ယောက် ပြန်လည် တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီး အသင်း ကွင်းလယ်ကစားသမား ကယ်လ်ဗင် ဖီးလစ် ဟာ ဝက်စ်ဟမ်းနဲ့ ဆေးစစ်ချက် အောင်မြင်ခဲ့ပြီး ရာသီကုန်ထိ အငှားကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေပွဲစဉ်မှာ စပါး ကွင်းလယ်လူ မက်ဒီဆင် ပြန်လည် ပါဝင်လာဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မန်စီးတီး အသင်းဟာ မက်ဆီလက်သစ် ကလောက်ဒီယို ချီဗာရီကို ရေးဗားပလိတ်အသင်းထံမှ ပေါင် ၁၂.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ဂွာဒီယိုလာကို တောက်လျောက် အံတု ယှဉ်ပြိုင်ခဲ့တဲ့ နည်းပြ ယာဂင်ကလော့ပ်ကတော့ ရာသီကုန်ရင် လီဗာပူး အသင်းကနေ ထွက်ခွာပြီ လို့ ကြေညာသွားပါတယ်။