ယူနိုက်တက် ဆုဖလားတွေ ပြန်စိန်ခေါ်ဖို့ ပေါင် သန်း ၂၅၀ လောက်သုံးဖို့ပဲ လိုပါတယ်

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေမှာ ပေါင် သန်း ၂၅၀ လောက် သုံးပြီး တကယ် လိုအပ်တဲ့ ကစားသမား ၃ ဦးကို အရ ခေါ်ယူနိုင်ရင် ပရီးမီးယားလိဂ်ကို ပြန် စိန်ခေါ်နိုင်တဲ့ ထိပ်တန်းအသင်း ပြန် ဖြစ်နိုင်ကြောင်း ရော်ဘီ ဆားဗေ့ချ်က သုံးသပ် တိုက်တွန်းလုက်ပါတယ်။

BT Sport မှ သုံးသပ်သူ ဆားဗေ့ချ် အကြံပြုခဲ့တာက ခံစစ်အတွက် ကူလီဘိုင်လေ၊ ကွင်းလယ်မှာ ဂရေးလစ်ချ်နဲ့ တိုက်စစ် အတွက် ဆန်ချိုတို့ ကို ခေါ်ယူဖို့ ဖြစ်ပါတယ်။ ထိုသုံးဦးကိုသာ ခေါ်ုနိုင်ရင် လီဗာပူး၊ မန်စီးတီးတို့ိုကို အသာလေး ပြန်ယှဉ်နိုင်တယ်လို့ ဆားဗေ့ချ်က ဆိုပါတယ်။

” ဆိုးရှားကိုသာ ကျနော်တို့ ပေါင် သန်း ၂၅၀ လောက် လက်ထဲ ထည့်ပေးလိုက်။ နောက်ပြီး ဗဟိုခံစစ်မူှး ကူလီဘိုင်လေ၊ ပလေးမိတ်ကာ ဂရေးလစ်ချ်နဲ့ တိုက်စစ် အတွက် ဆန်ချို ကို ခေါ်ယူစေလိုက်ရင် ဆိုးရှားရဲ့ အကောင်းဆုံးအသင်းဟာ နောက်ရာသီ လီဗာပူးနဲ့ မန်စီးတီးကို ကောင်းကောင်း ယှဉ်နိုင်ပါပြီ။

ဒီရာသီ အစောပိုင်းမှာ ယူနိုက်တက်ဟာ လီဗာပူး၊ စီးတီးတို့နဲ့ မိုင်ပေါင်းများစွာ ဝေးနေတယ်လို့ ကျနော် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့သာ ပြိုင်ဘက်အသင်းတွေကို ကျော်ပြီး ဒီလို အဓိက ခေါ်ယူမှုတွေ ပြုလုပ်နိုင်လိုက်ရင် အခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်။ ဒီလို ခေါ်ဖို့လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့က အကောင်းဆုံး နည်း ဖြစ်တယ်။

ယူနိုက်တက် ထိပ်သီး အနေအထား ပြန်ရောက်ဖို့က လာမယ့်နွေမှာ အပြောင်းအရွှေ့ ဈေးကွက်ထဲ ခပ်သွက်သွက် လှုပ်ရှားဖို့ လိုပါတယ်။ အခု ခင်ဗျားတို့ လက်တွေ ကီးဘုတ်ပေါ် တင်ပြီး သဘောမတူကြောင်း မြန်မြန် ထုတ် မပြောခင် အချက်အလက်တွေကို အရင် စဉ်းစားစေချင်တယ်။ ဒီရာသီမှာ ယူနိုက်တက်ဟာ ချယ်ဆီးကို သုံးကြိမ် နိုင်ထားတယ်။ စီးတီးကို နှစ်ကြိမ်၊ စပါးကိုလည်း အနိုင်ကန်ထားတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးဆီက အမှတ်ခွဲယူနိုင်တဲ့ တစ်သင်းတည်းသော အသင်းက ယူနိုကတက်ပဲ ဖြစ်တယ်။ အိမ်ကွင်းမှာသာ ဇယား အောက်နားက အသင်းတွေကို မထင်မှတ်ဘဲ ရှုံးတာတွေ မရှိရင် အခုလို ထိပ်သီးလေးသင်းနဲ့ သုံးမှတ်လောက် ကွာနေတာထက် ပိုမြင့်တဲ့ အနေအထားမှာ ရောက်နေမှာပါ။ ” လို့ ဆားဗေ့ချ်က သုံးသပ် ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကူလီဘိုင်လေကို ကာလရှည် ချိတ်ဆက်ပြီး အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လာမယ့်နွေ အတွက်တော့ ဆန်ချိုနဲ့ ဂရေးလစ်ချ်က ယူနိုက်တက် ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပြီး ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ လာမယ့္ေႏြမွာ ေပါင္ သန္း ၂၅၀ ေလာက္ သံုးျပီး တကယ္ လိုအပ္တဲ့ ကစားသမား ၃ ဦးကို အရ ေခၚယူနိုင္ရင္ ပရီးမီးယားလိဂ္ကို ျပန္ စိန္ေခၚနုိင္တဲ့ ထိပ္တန္းအသင္း ျပန္ ျဖစ္နုိင္ေၾကာင္း ေရာ္ဘီ ဆားေဗ့ခ်္က သံုးသပ္ တိုက္တြန္းလုက္ပါတယ္။

BT Sport မွ သံုးသပ္သူ ဆားေဗ့ခ်္ အၾကံျပဳခဲ့တာက ခံစစ္အတြက္ ကူလီဘိုင္ေလ၊ ကြင္းလယ္မွာ ဂေရးလစ္ခ်္နဲ႕ တိုက္စစ္ အတြက္ ဆန္ခ်ိဳတို႔ ကို ေခၚယူဖို႔ ျဖစ္ပါတယ္။ ထိုသံုးဦးကိုသာ ေခၚုနိုင္ရင္ လီဗာပူး၊ မန္စီးတီးတို႔ိုကို အသာေလး ျပန္ယွဥ္နုိင္တယ္လို႕ ဆားေဗ့ခ်္က ဆိုပါတယ္။

” ဆိုးရွားကိုသာ က်ေနာ္တို႔ ေပါင္ သန္း ၂၅၀ ေလာက္ လက္ထဲ ထည့္ေပးလိုက္။ ေနာက္ျပီး ဗဟိုခံစစ္မဴွး ကူလီဘိုင္ေလ၊ ပေလးမိတ္ကာ ဂေရးလစ္ခ်္နဲ႕ တိုက္စစ္ အတြက္ ဆန္ခ်ဳိ ကို ေခၚယူေစလိုက္ရင္ ဆိုးရွားရဲ႕ အေကာငး္ဆံုးအသင္းဟာ ေနာက္ရာသီ လီဗာပူးနဲ႕ မန္စီးတီးကို ေကာင္းေကာင္း ယွဥ္နိုင္ပါျပီ။

ဒီရာသီ အေစာပိုင္းမွာ ယူနုိက္တက္ဟာ လီဗာပူး၊ စီးတီးတို႔နဲ႕ မိုင္ေပါင္းမ်ားစြာ ေ၀းေနတယ္လို႔ က်ေနာ္ ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ သူတို႔သာ ျပိဳင္ဘက္အသင္းေတြကို ေက်ာ္ျပီး ဒီလို အဓိက ေခၚယူမႈေတြ ျပဳလုပ္နုိင္လိုက္ရင္ အေျခအေနေတြ ေျပာင္းသြားနုိင္ပါတယ္။ ဒီလို ေခၚဖို႔လည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔က အေကာင္းဆံုး နည္း ျဖစ္တယ္။

ယူနိုက္တက္ ထိပ္သီး အေနအထား ျပန္ေရာက္ဖို႔က လာမယ့္ေႏြမွာ အေျပာင္းအေရႊ႕ ေစ်းကြက္္ထဲ ခပ္သြက္သြက္ လႈပ္ရွားဖို႔ လိုပါတယ္။ အခု ခင္ဗ်ားတို႔ လက္ေတြ ကီးဘုတ္ေပၚ တင္ျပီး သေဘာမတူေၾကာင္း ျမန္ျမန္ ထုတ္ မေျပာခင္ အခ်က္အလက္ေတြကို အရင္ စဥ္းစားေစခ်င္တယ္။ ဒီရာသီမွာ ယူနိုက္တက္ဟာ ခ်ယ္ဆီးကို သံုးၾကိမ္ နုိင္ထားတယ္။ စီးတီးကို နွစ္ၾကိမ္၊ စပါးကိုလည္း အနုိင္ကန္ထားတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးဆီက အမွတ္ခြဲယူနုိင္တဲ့ တစ္သင္းတည္းေသာ အသင္းက ယူနို္ကတက္ပဲ ျဖစ္တယ္။ အိမ္ကြင္းမွာသာ ဇယား ေအာက္နားက အသင္းေတြကို မထင္မွတ္ဘဲ ရွံဳးတာေတြ မရွိရင္ အခုလို ထိပ္သီးေလးသင္းနဲ႕ သံုးမွတ္ေလာက္ ကြာေနတာထက္ ပိုျမင့္တဲ့ အေနအထားမွာ ေရာက္ေနမွာပါ။ ” လို႔ ဆားေဗ့ခ်္က သံုးသပ္ ေထာက္ျပခဲ့ပါတယ္။

ယူနိုက္တက္ဟာ ကူလီဘိုင္ေလကို ကာလရွည္ ခ်ိတ္ဆက္ျပီး အၾကိမ္ၾကိမ္ ၾကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ လာမယ့္ေႏြ အတြက္ေတာ့ ဆန္ခ်ိဳနဲ႕ ဂေရးလစ္ခ်္က ယူနိုက္တက္ ပစ္မွတ္စာရင္းထဲမွာ ပါ၀င္ေနျပီး ျဖစ္ပါတယ္။