နှစ်ည ဆက်တိုက် ကလပ်တက်ပြီးနောက် မန်ယူ လေ့ကျင့်ရေးကို ပျက်ကွက်ခဲ့တဲ့ ရက်ဖို့ဒ် အရေးယူခံရဖွယ် ရှိ

မန်ယူ တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ် ဟာ ဘဲလ်ဖတ်စ်တွင် နှစ်ညဆက် ပါတီပွဲသို့ တက်ရောက်ပြီးနောက် လေ့ကျင့်ခန်းမဆင်းနိုင်ဖြစ်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ အရေးယူခြင်းခံရဖို့ ရှိနေပါတယ်။

အင်္ဂလန်သား တိုက်စစ်မှုးဟာ သောကြာနေ့ အစောပိုင်းတုန်းက Thompsons Garage ကလပ်သို့ သွားရောက်ခဲ့တာ ဖြစ်ပေမဲ့လည်း နေမကောင်းဟု အဲရစ်တန်ဟက်အား အကြောင်းပြကာ လေ့ကျင့်ခန်း မဆင်းခဲ့ပါဘူး။

ယင်းအဖြစ်အပျက်မှာ ယနေ့ည လိဂ် ၂ ကလပ် နယူးပေါ့နှင့် ရင်ဆိုင်ကစားရမဲ့ ယူနိုက်တက်ရဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မတိုင်မီ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် Lavery’s Bar သို့ သွားရောက်ခဲ့ပါတယ်။

ယင်းနောက်သူဟာ အကယ်ဒမီကစားဖော် ရိုရှန်ဝီလီယံရဲ့ Larne FC သို့ ပြောင်းရွှေ့မှုအား အားပေးကူညီရန်အတွက် မြောက်အိုင်ယာလန်သို့ သွားရောက်ခဲ့တာလို့ ယူဆရပါတယ်။

သူ့ကို ကြာသပတေးနေ့တွင် Thompsons on Thursday တွင် မြင်တွေ့ခဲ့ရပါတယ်။ ယင်းနောက် သူဟာ အိမ်သို့ ပြန်လာခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ ယင်းသို့ ပါတီပွဲ တက်ရောက်ပြီး အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်မှုနှင့်အတူ အဲရစ်တန်ဟက်ရဲ့ အရေးယူမှုနှင့် ရင်ဆိုင်လာရဖို့ ရှိနေပါတယ်။

ရက်ဖို့ဒ်ဟာ မန်ချက်စတာဒါဘီပွဲစဉ်တွင် မန်စီးတီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပါတီပွဲပြုလုပ်မှုအတွက် အဲရစ်တန်ဟက်ရဲ့ ဝေဖန်ခြင်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။