အီတီဟက်မှာ မန်စီးတီးက ဘန်လေကို ဘယ်နှဂိုး သွင်းမလဲ ကြိုတင်ဟောကိန်းထုတ်တဲ့ ဘီဘီစီမှ ဆက်တန်
ဒီကြားရက် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာ စီးတီးဟာ နည်းပြ ကွန်ပနီ ကိုင်နေတဲ့ ဘန်လေ အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားမှာပါ။
ပွဲချိန်ကတော့ မနက်ဖြန် ဗုဒ္ဓဟူးည မြန်မာစံတော်ချိန် ၂ နာရီ အချိန် ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာန ပင်တိုင် သုံးသ့ပ် ဆရာကြီး ခရစ်ဆက်တန် က မန်စီးတီး – ဘန်လေ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။
ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်
မန်စီးတီး နောက်ခံလူဟောင်း ဗင်းဆင့် ကွန်ပနီကတော့ ဘန်လေအသင်းနဲ့ အတူ ပြန်လာချိန်မှာ အီတီဟက်မှာ ကောင်းမွန်တဲ့ ကြိုဆိုမှု လက်ခံရရှိမှာပါ။ ဒါပေမယ့် ပွဲကတော့ သူ ဘာအခွင့်အရေးမှ ရယူသွားနိုင်မယ်လို့ မထင်ဘူး။
လီဗာပူးအသင်းကလည်း နောက်ရက် ချယ်ဆီးနဲ့ အတူ ကစားရမှာ ဖြစ်ပြီး ဒီညပွဲသာ နိုင်ရင် စီးတီးက ဇယားထိပ် တက်မှာပါ။ ဒီပွဲကနေ စီးတီး အမှတ်လျော့စရာ အကြောင်း မမြင်မိဘူး။ ဘန်လေရဲ့ ကစားပုံကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် သူတို့က အရိုင်းနည်းနည်းဆန်နေသေးတယ်။
အဆက်မပြတ်ကြီး ထိုးနှက်နိုင်တာမျိုး မဟုတ်ပေမယ့် စီးတီး သက်တောင့်သက်သာ နိုင်သွားမှာပါ။ သူတို့ ချန်ပီယံ ပြိုင်ဘက်တွေ အတွက်တော့ ဒီဘရိုင်းနဲ့ ဟာလန်း ပြန်လာတာက အကြီးမားဆုံး အတားအဆီးကြီး ဖြစ်နေပါတယ်။
စီးတီး လူစာရင်းက တောင့်တင်းပါတယ်။ အခုအချိန်က ဘောလုံးရာသီ တစ်ခုမှာ ခြေကုန်လက်ပန်း ကျတတ်တဲ့ အချိန်ပါ။ စီးတီး အနေနဲ့ အိမ်ကွင်းကြီးမှာ ဘန်လေနဲ့ အတွေ့ အမှတ်လာလျော့မယ် ဆိုရင်တော့ ရှော့ခ် ရစရာပါပဲ။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်စီးတီး ၃-ဝ ဘန်လေ