ဆုဖလားတွေနဲ့ ပတ်သက်ပြီး ပြိုင်ဘက်တွေကို သတိပေးစကား ပြောလာတဲ့ ဟာလန်း

မန်စီးတီးကြယ်ပွင့်ဟာလန်းကတော့ ဆုဖလားအောင်မြင်မှုတွေ ရယူလိုတဲ့ သူ့ရဲ့ဆန္ဒ လျော့ပါးသွားတာမျိုး မရှိသေးပါဘူးလို့ ဖွင့်ဟပြောဆိုလာပါတယ်။
နော်ဝေတိုက်စစ်မှူးက အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပွဲကစားချိန် နည်းပါးနေခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးကတော့ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးထားနိုင်သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အောင်ပွဲတွေ ဆက်လက်ရယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
ဟာလန်းက “ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လုပ်ခဲ့သလိုပဲ ဂိုးတွေ အများကြီးသွင်းယူပြီး ဆုဖလားတွေ အများကြီးရရှိအောင် လုပ်ချင်ပါသေးတယ်။
အခုအချိန်မှာတော့ ကျွန်တော်က ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေပါပြီ။ ဒီလိုမျိုးပုံစံတွေ ထပ်လုပ်ချင်ပါတယ်။
ကျွန်တော်ကိုယ်တိုင် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အခုလို အောင်မြင်မှုမျိုးတွေ ရရှိအောင် အသင်းကို ကူညီပေးသွားချင်ပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးက အခုကြားရက်မှာ ဘန်လေနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။