ဖောက်ပြန်လို့ မိန်းမကို လူသိရှင်ကြား ပြန်တောင်းပန်ခဲ့ရတဲ့ ဝေါ်ကာ မန်စီးတီး အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိမလား ပက် အသိပေး

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒီတလော လူမှုရေး ပြသနာတွေ ရှိနေတဲ့ ကိုင်လီ ဝေါလ်ကာ တစ်ယောက် မန်စီးတီး အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလာပါတယ်။
အင်္ဂလန်နောက်ခံလူဟာ တနင်္လာနေ့တုန်းက ဇနီးသည် နောက်ကွယ်တွင် ဖောက်ပြန်မှု ပြုလုပ်မှုအတွက် လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူဟာ နွေရာသီတုန်းက အိုင်ကေးဂန်ဒိုဂန် ထွက်ခွာသွားပြီးနောက် ကစားဖော်များရဲ့ မန်စီးတီး အသင်းခေါင်းဆောင်အဖြစ် မဲပေး ရွေးချယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
လူမှုရေးပြဿနာကြုံနေရတဲ့ ဝေါလ်ကားအား မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ဆက်ထားမလားလို့ မေးမြန်းလာမှုအပေါ် ဂွါဒီယိုလာက ခုလို တုန့်ပြန်ခဲ့တာပါ။
“သေချာတာပေါ့။ ဒီက အသင်းကပဲ ဆုံးဖြတ်ထားတာ။ ကျုပ် ဆုံးဖြတ်ထားတာ မဟုတ်ဘူး။ သူ့ကို အားပေးတယ်။ ပြီးတော့ သူ့မိသားစုရောပဲ။ ကစားသမားရဲ့ ပုဂ္ဂိုရေးပြဿနာနဲ့ပတ်သက်ပြီး စကားတစ်ခွန်းမျှ ပြောမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။
ကိုင်လီဝေါလ်ကားဟာ ၂၀၁၇ ခုနှစ်တွင် စပါးစ်မှ ပြောင်းရွှေ့လာပြီးနောက် မန်စီးတီးနှင့်အတူ ဆုဖလား ၁၄ လုံး ဆွတ်ခူးထားပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ခြေထောက်ဒဏ်ရာကြောင့် အနားယူလာရတဲ့ အာလင်းဟာလန်းမှာ ဗုဒ္ဓဟူးနေ့တွင် ဘန်လေနှင့် ရင်ဆိုင်ကစားရမဲ့ ပွဲစဉ်တွင် ပြန်လည် ပါဝင်လာနိုင်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက အက်စတွန်ဗီလာနှင့် ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာရရှိကာ အနားယူလာခဲ့ရသူ ဖြစ်ပါတယ်။