မွေးနေ့မှာ နှစ်ဂိုး သွင်းပြီး ပရီးမီးယားလိဂ် ထူးခြား မှတ်တမ်းတစ်ခု ရယူလိုက်တဲ့ မန်စီးတီး တိုက်စစ်မှုး အယ်ဗာရက်ဇ်

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှုး ဂျူလီယန် အယ်ဗာရက်ဇ်ဟာ မနေ့ညတုန်းက မန်စီးတီးက ဘန်လေအား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူလာပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ အသက် ၂၄ နှစ်ပြည့် မွေးနေ့မှာ ဂိုးသွင်းယူလာတာလည်း ဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မွေးနေ့မှာ ၂ ဂိုးနဲ့ အထက် ဂိုးသွင်း ယူလာနိုင်တဲ့ ၁၀ ဦးမြောက် ကစားသမားလည်း ဖြစ်ပါတယ်။

ယခုအခါပွဲမှာ ဒီဇင်ဘာလ ၆ ရက်နေ့ ဗီလာနှင့်ပွဲမှာ ခြေထောက်ဒဏ်ရာရရှိပြီးတဲ့နောက် အနားယူခဲ့ရတဲ့ အာလင်းဟာလန်းဟာ ယခုပွဲရဲ့ ပွဲချိန် ၇၁ မိနစ်မှာ လူစားဝင်ရောက် ကစားနိုင်ခဲ့ပါတယ်။

အယ်ဗာရက်ဇ်ဟာ ပွဲချိန် ၁၆ မိနစ်မှာ နူနက်စ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ယင်းနောက် ၂၂ မိနစ်မှာ အယ်ဗာရက်ဇ်ကပင် ကီဗင်ဒီဘရိုင်းရဲ့ ဖရီးကစ်မှ အသာချပေးလိုက်မှုကနေ အပိုင်ကန်သွင်းယူကာ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

မန်စီးတီးအတွက် တတိယဂိုးကို ပွဲချိန် ၄၆ မိနစ်မှာ ရိုဒရီက ဖီးလ်ဖိုဒန်ရဲ့ ချေပေးမှုကနေ သွင်းယူခဲ့ပါတယ်။

ဘန်လေအတွက် နှစ်သိမ့်ဂိုးကို နာကျင်အချိန်ပိုမှာ အယ်ဒါခေးလ်က သွင်းယူခဲ့ပါတယ်။ မန်စီးတီးဟာ ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ပါတယ်။

အခြားပွဲစဉ်တွေမှာတော့ လီဗာပူးအသင်းက ချယ်ဆီး အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့သလို စပါးအသင်းကလည်း ဘရန်းဖို့ဒ်ကို ၃-၂ နဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။