နာမည်ကြီးနေတဲ့ ၁၀ နှစ်အရွယ် သရဲနီလေးကို အိုထရတ်ဖိုဒ့်ကွင်းထံ ယူနိုက်တက်ဖိတ်ခေါ်
ချစ်ခင်ရတဲ့ ယာဂင်ကလော့ပ်
ကျနော်နာမည်က ဒါရက်ပါ။ အသက် ၁၀ နှစ်ရှိနေပြီဖြစ်ပြီး ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဒီစာကိုလည်း ကွန်ပလိန်းတက်လိုတဲ့ အနေနဲ့ ရေးလိုက်ပါတယ်။
လီဗာပူးက ပွဲတွေအများကြီး အနိုင်ရထားပါတယ်။ အကယ်လို့ နောက်ထပ် ၉ ပွဲဆက်တိုက် အနိုင်ရမယ်ဆိုရင် အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အနိုင်ယူမရတဲ့ အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မှာပါ။ ဒါကို မြင်ရတာက ယူနိုက်တက်ပရိသတ် တစ်ယောက်အနေနဲ့ အရမ်းကို ဝမ်းနည်းစရာ ကောင်းပါတယ်။
ဒါကြောင့် နောက်ပွဲတွေကျရင် လီဗာပူးကို ရံှူးအောင် လုပ်ပေးပါ။ အခြားသော အသင်းတွေကိုလည်း ဂိုးသွင်းပါစေဗျာ။ ကျနော်ကတော့ လီဗာပူး အမှတ်ပေးဖလားကို အနိုင်မရဖို့၊ နောက်ပွဲတွေကိုလည်း မနိုင်ဖို့ မျှော်လင့်နေတာပါပဲ။
ချစ်ခင်စွာဖြင့် ဒါရက်
အထက်ပါစာကတော့ အသက် ၁၀ နှစ်အရွယ် ယူနိုက်တက်ပရိသတ်လေး ဒါရက်က လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ထံ ပို့ခဲ့တဲ့ စာပါ။ သူကတော့ လက်ကျန် ပွဲတွေ အားလုံးကို လီဗာပူးအသင်း အနိုင်မရပဲ အရေးနိမ့်ဖို့နဲ့ ဒီရာသီ အမှတ်ပေးဖလားကို အနိုင်မရဖို့ပါ ဆုတောင်းနေသူဖြစ်တယ်။
ကလော့ပ်က ကောင်လေးထံကို ဒါက အားကစားပဲဖြစ်ပြီး အမြဲတမ်း မနိုင်သလို အမြဲတမ်းလည်း မရံှူးနိုင်ကြောင်း စာပြန်ခဲ့ပြီး ယူနိုက်တက်မှာ မင်းလို ပရိသတ်လေးကို ပိုင်ထားတာက ဂုဏ်ယူစရာပါလို့ စာပြန်ပို့ခဲ့တာဖြစ်တယ်။ ဒီဖြစ်ရပ်ဟာ အင်္ဂလန်မီဒီယာတွေမှာ အတော်လေး ကျော်ကြားတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ရေပန်းစာခဲ့ပြီး ဒီကနေ့မှာတော့ ယူနိုက်တက်က ကလပ်အသင်းအိမ်ကွင်း အိုထရတ်ဖိုဒ့်ထံ ဒါရက်လေးကို အလည်လာဖို့ ဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။
ဒီဖိတ်ခေါ်မှုနဲ့ ပက်သက်ပြီး ဒါရက်က ” အရမ်းကောင်းတဲ့ သတင်းပါပဲ။ အိုထရတ်ဖိုဒ့်ရဲ့ အားပေးမှုက အရမ်းကို ကောင်းပါတယ်။ ကျနော် သူငယ်ချင်းတွေကတော့ မနာလို ဖြစ်နေကြပါတယ်။ ” လို့ ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက် မအောင်မြင်ဖြစ်နေပေမယ့် အသင်းကို ချစ်ခင်စွာ အားပေးတဲ့ ဒါရက်လေးရဲ့ အိုထရတ်ဖိုဒ့် ခရီးကတော့ ပျော်ရွှင်စရာ ကောင်းနေမယ်လို့ မျှော်လင့်ပါတယ်။
ZAWGYI
ခ်စ္ခင္ရတဲ့ ယာဂင္ကေလာ့ပ္
က်ေနာ္နာမည္က ဒါရက္ပါ။ အသက္ ၁၀ ႏွစ္ရွိေနျပီျဖစ္ျပီး ယူႏုိက္တက္ကို အားေပးတဲ့ ပရိသတ္တစ္ေယာက္ ျဖစ္ပါတယ္။ ဒီစာကိုလည္း ကြန္ပလိန္းတက္လိုတဲ့ အေနနဲ႔ ေရးလိုက္ပါတယ္။
လီဗာပူးက ပြဲေတြအမ်ားၾကီး အႏိုင္ရထားပါတယ္။ အကယ္လို႔ ေနာက္ထပ္ ၉ ပြဲဆက္တုိက္ အႏုိင္ရမယ္ဆိုရင္ အဂၤလိပ္ေဘာလံုးသမိုင္းမွာ အႏုိင္ယူမရတဲ့ အေကာင္းဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္မွာပါ။ ဒါကို ျမင္ရတာက ယူႏုိက္တက္ပရိသတ္ တစ္ေယာက္အေနနဲ႔ အရမ္းကို ဝမ္းနည္းစရာ ေကာင္းပါတယ္။
ဒါေၾကာင့္ ေနာက္ပြဲေတြက်ရင္ လီဗာပူးကို ရံွဴးေအာင္ လုပ္ေပးပါ။ အျခားေသာ အသင္းေတြကိုလည္း ဂိုးသြင္းပါေစဗ်ာ။ က်ေနာ္ကေတာ့ လီဗာပူး အမွတ္ေပးဖလားကို အႏုိင္မရဖို႔၊ ေနာက္ပြဲေတြကိုလည္း မႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာပါပဲ။
ခ်စ္ခင္စြာျဖင့္ ဒါရက္
အထက္ပါစာကေတာ့ အသက္ ၁၀ ႏွစ္အရြယ္ ယူႏုိက္တက္ပရိသတ္ေလး ဒါရက္က လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ထံ ပို႔ခဲ့တဲ့ စာပါ။ သူကေတာ့ လက္က်န္ ပြဲေတြ အားလံုးကို လီဗာပူးအသင္း အႏုိင္မရပဲ အေရးနိမ့္ဖို႔နဲ႔ ဒီရာသီ အမွတ္ေပးဖလားကို အႏုိင္မရဖို႔ပါ ဆုေတာင္းေနသူျဖစ္တယ္။
ကေလာ့ပ္က ေကာင္ေလးထံကို ဒါက အားကစားပဲျဖစ္ျပီး အျမဲတမ္း မႏိုင္သလို အျမဲတမ္းလည္း မရံွဴးႏုိင္ေၾကာင္း စာျပန္ခဲ့ျပီး ယူႏုိက္တက္မွာ မင္းလို ပရိသတ္ေလးကို ပိုင္ထားတာက ဂုဏ္ယူစရာပါလို႔ စာျပန္ပို႔ခဲ့တာျဖစ္တယ္။ ဒီျဖစ္ရပ္ဟာ အဂၤလန္မီဒီယာေတြမွာ အေတာ္ေလး ေက်ာ္ၾကားတဲ့ ျဖစ္ရပ္တစ္ခုအျဖစ္ ေရပန္းစာခဲ့ျပီး ဒီကေန႔မွာေတာ့ ယူႏိုက္တက္က ကလပ္အသင္းအိမ္ကြင္း အိုထရတ္ဖိုဒ့္ထံ ဒါရက္ေလးကို အလည္လာဖို႔ ဖိတ္ေခၚလိုက္ျပီျဖစ္ပါတယ္။
ဒီဖိတ္ေခၚမႈနဲ႔ ပက္သက္ျပီး ဒါရက္က ” အရမ္းေကာင္းတဲ့ သတင္းပါပဲ။ အိုထရတ္ဖိုဒ့္ရဲ႕ အားေပးမႈက အရမ္းကို ေကာင္းပါတယ္။ က်ေနာ္ သူငယ္ခ်င္းေတြကေတာ့ မနာလို ျဖစ္ေနၾကပါတယ္။ ” လို႔ ဖြင့္ဟခဲ့ပါတယ္။
ယူႏုိက္တက္ မေအာင္ျမင္ျဖစ္ေနေပမယ့္ အသင္းကို ခ်စ္ခင္စြာ အားေပးတဲ့ ဒါရက္ေလးရဲ႕ အိုထရတ္ဖိုဒ့္ ခရီးကေတာ့ ေပ်ာ္ရႊင္စရာ ေကာင္းေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။