နည်းပြနေရာအတွက် အာတီတာကို မရလို့ မန်စီးတီးဘက် ဦးလှည့်လာနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ ဒီနွေမှာ ဇာဗီနေရာ အစားထိုးဖို့ နည်းပြသစ် ရှာရတော့မှာဖြစ်ကာ အာဆင်နယ်နည်းပြ အာတီတာကို ခေါ်ယူလိမ့်မယ်လို့ စပိန်ဘက်က ဖော်ပြချက်တွေ ထွက်ပေါ်နေခဲ့တယ်။
အဆိုပါ ကိစ္စတွေအား အာတီတာကတော့ ချက်ခြင်း ပယ်ချခဲ့သလို ဖောရက်စ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီး ဘာစီလိုနာကို ပြောင်းမယ့် သတင်းတွေအား မမှန်ကန်တဲ့ ဖော်ပြချက်တွေအဖြစ်လည်း ရှုတ်ချခဲ့ပါတယ်။
အာတီတာက ” မဟုတ်ဘူး၊ ထွက်နေတဲ့ သတင်းတွေက အလိမ်အညာ သတင်းတွေချည်းပဲ။ ဒီသတင်းတွေ ဘယ်က ထွက်လာလဲတော့ ကျနော် မသိဘူး ဒါပေမယ့် မမှန်ပါဘူး။
ကျနော် သိပ်စိတ်ဆိုးမိတယ်။ ဒီသတင်းထွက်လာတာ ယုံတောင် မယုံဘူး၊ ဘာအခြေအမြစ်မှလည်း မရှိဘူး။ ခင်ဗျားတို့ သတင်းရေးရင်လည်း ကြည့်ရေးကြဦး ” လို့ တုန့်ပြန်ခဲ့ပါတယ်။
အာတီတာထံကို ချဉ်းကပ်ဖို့ ခက်ခဲသွားတဲ့နောက် ဘာစီလိုနာဟာ အခြားသော ပစ်မှတ်တွေကိုပဲ ဦးလှည့်ဖွယ်ရှိပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာကို တစ်ကျော့ပြန် ချဉ်းကပ်ဖွယ် ရှိနေပါတယ်။
သူ့ရဲ့ နည်းပြဘဝ အစကို ဘာစီလိုနာမှာ အောင်မြေနင်းခဲ့တဲ့ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့မှာ အောင်မြင်မှုတွေ များစွာ ရယူထားကာ မန်ချက်စတာ ကလပ်နဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ကျန်ရှိနေတာ ဖြစ်ပါတယ်။