လက်ဖျားခါလောက်တဲ့ အမြင်နဲ့ အစွမ်းပြသွားတဲ့ ဒီဘရိုင်း ကတော့ ရွန်းနီရဲ့ ပရီးမီးယားလိဂ် မှတ်တမ်းကို ကျော်ဖြတ်သွားပါပြီ

ဒီမနက် အစောပိုင်းက အီတီဟတ်မှာ ကန်တဲ့ မန်စီးတီးရဲ့ ဘန်လေကို ၃-၁ နဲ့ နိုင်တဲ့ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်သမိုင်းရဲ့ဂိုးဖန်တီးမှု အများဆုံးစာရင်းမှာ ဒီဘရိုင်းဟာ ရွန်နီကို ကျော်တက်ပြီး တတိယနေရာ ရောက်သွားပါတယ်။
စီးတီးရဲ့ ဘယ်လ်ဂျီယံကြယ်ပွင့် ကစားသမားဟာ အဲဒီပွဲမှာ အယ်ဗာရက်ဇ်သွင်းတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့တာပါ။
ဘန်လေကွင်းဘက်ခြမ်း တစ်ဝက်မှာ ဖရီးကစ်ကန်ခွင့်ရတော့ ဒီဘရိုင်းက ပြေးထွက်သွားတဲ့ အာဂျင်တီးနားသားရဲ့လမ်းကြောင်းထဲ ခင်းပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂိုးမှာ သူ့ရဲ့ဘောလုံးအမြင်နဲ့ တိကျတဲ့ပေးပို့မှုက တကယ်ကို လက်ဖျားခါစရာ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဒီဂိုးဟာ ပရီးမီးယားလိဂ်မှာ ဒီဘရိုင်းအတွက် ၁၀၄ ကြိမ်မြောက် ဂိုးဖန်တီးမှု ဖြစ်လာပါတယ်။
အဲဒါကြောင့်လည်း ပရီးမီးယားလိဂ်သမိုင်းက ဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ ၁၀၃ ဂိုး ဖန်တီးထားတဲ့ရွန်နီကို ကျော်ဖြတ်ပြီး တတိယနေရာ ရောက်လာတာပါ။
အဲဒီစာရင်းမှာ ရွိုင်ယန်ဂစ်က ၁၆၂ ကြိမ်နဲ့ ဦးဆောင်နေပြီး ဖာဘရီဂတ်စ်ကလည်း ၁၁၁ ကြိမ်နဲ့ ဒုတိယနေရာ ရပ်တည်နေပါတယ်။
ဒီဘရိုင်းအနေနဲ့ ဒုတိယနေရာက ဖာဘရီတ်စ်ကို ကျော်တက်ဖို့ဆို ပရီးမီးယားလိဂ်မှာ နောက်ထပ် ၈ ဂိုးဖန်တီးနိုင်ဖို့ပဲ လိုတာပါ။ ဒါ့အပြင် ဒီဘရိုင်းဟာ ဖာဘရီဂတ်စ်ထက်လည်း ပွဲ ၁၀၀ ကျော်ပိုနည်းပါတယ်။
ဒီဘရိုင်းဟာ ဒဏ်ရာက ပြန်ကောင်းပြီးကတည်းက မန်စီးတီးအတွက် ကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ၁ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးနိုင်ထားပါတယ်။