စီးတီး၊ လီဗာပူး၊ အာဆင်နယ်တို့တင် မဟုတ်ဘဲ ပရီးမီးယားလိဂ် လုမှာ ၅ သင်းထိ ရှိတယ်လို့ ပက် သတိပေး

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ဖလား ယှဉ်ပြိုင်လုရေးမှာ အလားအလာ ရှိနေတာက လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တင် မဟုတ်ဘဲ ၅ သင်းထိ ရှိနေတယ်လို့ ထုတ်ပြောလာပါတယ်။

” ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှာက ကျနော်တို့ ၃ သင်းတင်ပဲ မဟုတ်ပါဘူး။ တော်တင်ဟမ်နဲ့ အက်စတွန်ဗီလာတို့လည်း ပါပါတယ် ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီအသင်းတွေထဲမှာ အခုချိန်ထိ အမှတ်ပေးဇယားကို ၅ မှတ် ဖြတ်ထားဆဲ လီဗာပူးကိုတော့ ဂွာဒီယိုလာက အတော်လေး အထင်ကြီးပါတယ်။

” ကျနော်တို့ နိုင်ပွဲတွေ ဆက်တိုက်ရလာချိန်မှာ လီဗာပူးတော့ ရမှတ်တွေ ဆုံးရှုံးတော့မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ရနေပါတယ်။ အခု သူတို့ ပွဲတွေကို ဆက်တိုက် နိုင်နေတာကို အားလုံး မြင်ကြပါတယ်။

လီဗာပူးအကြောင်း ကျနော်တို့ သိပါတယ်။ ရာသီကုန်ထိ ဒီအတိုင်း ဆက်လက် တွန်းအားပေးလိုပါတယ်။ လီဗာပူးကို ကြည့်လိုက်ရင် ပွဲတိုင်းမှာ ပြိုင်ဘက်တွေထက် ပိုကောင်းပါတယ်။

ပွဲတွေကို ရှုံးနိုင်ပေမယ့် သူတို့ကတော့ ပိုကောင်းလာနေတယ်။ သူတို့ ဘယ်လောက်ထိ တောင့်တင်းလဲ ဆိုတာကို ကျနော် သိပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်တို့ ရမှတ်တွေ သိပ်လျော့တော့မယ် မထင်မိပါဘူး ” လို့ မန်စီးတီးနည်းပြက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ဟာ ဒီရာသီ အင်္ဂလန်လိပ်မှာ နောက်ဆုံး အကြိမ် ယှဉ်ပြိုင်ကြတာဖြစ်ကာ ဒီရာသီပြီးရင် ကလော့ပ်က ပရီးမီးယားလိဂ်ကို ကျောခိုင်းသွားတော့မှာ ဖြစ်ပါတယ်။