မန်စီးတီးထံက ဖလား လုယူလိုနေသူတွေကို ပြတ်သားတဲ့ သတိပေးချက် ပြုလုပ်လိုက်တဲ့ အဲဗာရက်စ်

မန်စီးတီးကြယ်ပွင့် တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်ကတော့ မန်စီးတီးဟာ ယခုရာသီမှာလည်း ဖလား (၃) လုံး ထပ်ရမည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်ဖလားများကို ရယူခဲ့တဲ့ မန်စီးတီးအသင်းဟာ ယခုရာသီမှာလည်း ပြိုင်ပွဲသုံးရပ်စလုံးမှာ ချန်ပီယံဆု ကာကွယ်ဖို့အတွက် အခြေအနေကောင်းနေပါတယ်။

အယ်ဗာရက်ဇ်ဟာ မနေ့ညတုန်းက မန်စီးတီးက ဘန်လေအား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူလာပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ အသက် ၂၄ နှစ်ပြည့် မွေးနေ့မှာ ဂိုးသွင်းယူလာတာလည်း ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်က ”ရာသီတိုင်းက ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပြီးခဲ့တဲ့ရာသီလိုပါပဲ။ ကျွန်တော်တို့မှာ အဲဒီလိုလုပ်နိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့ရာသီကလို အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။