Opta စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းတွေ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိလဲ နောက်ဆုံးထွက် ခန့်မှန်းချက်

ဒီကြားရက် က ပရီးမီးယားလိဂ် ပွဲစဉ်များ အပြီးမှာ လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက် ရှိနေပြီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီရဲ့ ဘန်လေကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တာကြောင့် ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒုတိယနေရာမှာရှိနေပါတယ်။
မန်စီးတီးဟာ လက်ရှိမှာတော့ လီဗာပူးရဲ့နောက် ၅မှတ်အကွာမှာ ရှိနေသော်လည်း ပွဲကျန် ၁ ပွဲရှိနေပါသေးတယ်။
အာဆင်နယ်ဟာ မန်စီးတီးနဲ့ ရမှတ်တူညီနေပြီး အမှတ်ပေးပြိုင်ပွဲက အရှိန်အဟုန်နဲ့ မြှင့်လာနေကာ လူအများစုကတော့ ခန့်မှန်းနိုင်ဖို့ ခက်ခဲနေကြပါတယ်။
၂၀၂၃-၂၄ ရာသီ ကုန်ရင် ဘယ်လို ဖြစ်လာမလဲ ဆိုတဲ့ ရလဒ်ကို Opta မှ စူပါကွန်ပျူတာက ခန့်မှန်းချက် ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဖလား ၃ လုံးပိုင်ရှင် မန်စီးတီး အသင်း ဟာ လက်ရှိအချိန်မှာ လီဗာပူးနှင့် အမှတ် ကွာဟနေသော်လည်း ၅၄ % ဖြင့် အမှတ်ပေးဖလားကို ရယူရန် ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဘန်လေအား အနိုင် ရရှိခဲ့တဲ့ပွဲမှာ အသင်းရဲ့ စတားကစားသမား ၂ ဦးဖြစ်တဲ့ ဒီဘရိုင်းနှင့် ဟာလန်းတို့ပါဝင်နိုင်ခဲ့တာကြောင့် မန်စီးတီးအတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။
မိုဟာမက်ဆာလက်က ဒဏ်ရာကြောင့် နောက်ဆုံးပွဲတွေမှာမပါဝင်နိုင်သော်လည်း လီဗာပူးက ဗိုလ်စွဲနိုင်ခြေ ၄၂ % ဖြင့် ရှိလာပြီးနောက် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာနှင့် အနီးကပ်တဲ့အနေအထားမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်ကတော့ ၂၀၀၃-၀၄ ရာသိနောက်ပိုင်း ပထမဆုံးလိဂ်ဖလားကို ရယူနိုင်ရန်အခွင့်အရေးက ၃ % သာရရှိထားပြီး ပြီးခဲ့တဲ့ရာသီမှာလည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
အခြားသော အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်နှင့် အက်စတွန်ဗီလာတို့ကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ဝ.၁ % ရရှိထားပါတယ်။