မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလား လုရတာ ဘယ်လောက်ထိ ခက်ခဲလဲ ထုတ်ပြောလာတဲ့ နည်းပြကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အမှတ်ပေးလိဂ်ကို ဦးဆောင်နေမှုအား ကာကွယ်သွားမှာဖြစ်ကြောင်းနဲ့ ဘယ်အသင်းမှ လီဗာပူးအထက်ကို ကျော်တက်နိုင်ခြင်း မရှိစေရအောင် ကြိုးစားမယ်လို့ ကြွေးကြော်ပါတယ်။

အာဆင်နယ် ပွဲကြိုမှာ ကလော့ပ်ကပဲ ” ကုန်ခဲ့တဲ့ နှစ်တွေမှာ ကျနော်တို့ သင်ယူခဲ့ရတာ တစ်ခုက အကယ်လို့ ဆုဖလား စိန်ခေါ်မှုမှာ မန်စီးတီး ပါနေတယ်ဆိုရင် ကစားရတဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ လိုပါတယ်။

ဒါက ပရီးမီးယားလိဂ် ဖြစ်ပါတယ်။ မန်စီးတီးက ဒီလိဂ်ကို လွှမ်းမိုးထားတာဖြစ်ပါတယ်။ သူတို့က သိပ်ကို ကောင်းမွန်တဲ့ ဘောလုံးကစားနေပြီး ဒီလိဂ်ကို စိုးမိုးထားနိုင်ပါတယ်။

ဒီရာသီ လီဗာပူးအသင်း အထက်မှာ ရပ်တည်လိုကြတဲ့ ဘယ်အသင်းမဆို ကျနော်တို့ အထက်ကို ရောက်သွားဖို့ မဖြစ်နိုင်သလောက် ခက်ခဲအောင် ကျနော်တို့ ကြိုးစားမယ်။ ကျနော်တို့ လုပ်နိုင်မလား စောင့်ကြည့်ကြတာပေါ့ ” လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ဖလားအပြိုင် လုနေခြင်းဖြစ်ကာ လက်ရှိမှာ ဇယားထိပ်ကနေ ၅ မှတ်ဖြတ်ထားနိုင်ပါတယ်။