ဟာလန်း ပြန်လာပြီ၊ အားလုံး အသင့် ဖြစ်နေပြီ လို့ ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် အသိပေးလိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီး အသင်းဟာ တနင်္လာနေ့မှာ ကစားမယ့်ဘရန့်ဖို့ဒ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် သူတို့ရဲ့ ပွဲထွက်လူစာရင်းတွင် ဟာလန်းကို ထည့်သွင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဒီဇင်ဘာလအစတွင် အက်စတွန်ဗီလာကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး မန်စီးတီးရဲ့ နောက်ဆုံး ၁၂ ပွဲကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ့မွန်ကစားသမားဟောင်း မပါဝင်နိုင်ခဲ့တဲ့ပွဲတွေမှာ မန်စီးတီးဟာ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး အယ်လ်ဗာရက်ဇ်ရဲ့ ဂိုးသွင်းယူမှု အပါအဝင် အခြားကစားသမားတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ဟာလန်းရဲ့ မပါဝင်နိုင်မှုက မန်စီးတီးအတွက် အကျိုး မယုတ်စေခဲ့ပါဘူး။

သို့သော်လည်း မကြာသေးမီက အသင်းနှင့်အတူ လေ့ကျင့်ရေးပြန်ဆင်းနိုင်နေတဲ့ ဟာလန်းက ပွဲထွက်ကစားနိုင်ဖို့ရှိနေပြီး ဂွါဒီယိုလာရဲ့အဆိုအရ တနင်္လာနေ့ ဘရန့်ဖို့ဒ်နှင့် ကွန်မြူနတီအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမယ့်ပွဲမှာ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားက စတင်လာနိုင်လားလို့ မေးမြန်းတဲ့အခါ BBC Sport မှာ ဂွါဒီယိုလာက “သူက အဆင်သင့်ဖြစ်နေပါပြီ။ ဒဏ်ရာမရတဲ့အတွက် အားလုံးအဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

ဟာလန်းဟာ လက်ရှိရာသီရဲ့ပွဲစဉ်များစွာကို လွဲချော်နေသော်လည်း လီဗာပူးရဲ့ ဆာလက်နှင့်အတူ ၁၄ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂို းအများဆုံး ကစားသမားအဖြစ် ပူးတွဲရပ်တည်နေပါတယ်။