လာမယ့် ဘရန့်ဖို့ဒ် – မန်စီးတီး ပွဲစဉ် ဘယ်လို ရလဒ်ထွက်မလဲ ဆရာကြီး ပေါမာဆန် ဟောကိန်း ထုတ်ပါပြီ

မန်စီးတီးအသင်းက ဒီအပတ် ဘရန့်ဖို့ဒ်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ အခြားအသင်းကြီးတွေ တနင်္ဂနွေညတည်းက ကစားကြမှာ ဖြစ်ပေမယ့် မန်စီးတီးကတော့ တစ်ရက် နောက်ကျ ကစားမှာပါ။

ပွဲကစားမယ့် အချိန် ကတော့ လာမယ့် တနင်္လာနေ့ည ၂နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဘရန့်ဖို့ဒ်နဲ့ မန်စီးတီး ပွဲ ရလဒ် ဘယ်လိုထွက်မလဲ ကြိုတင် သုံးသပ် ခန့်မှန်းထားပါပြီ။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဘရန့်ဖိုဒ့်ရဲ့ ပွဲတွေက သိပ်ကြပ်လွန်းပါတယ်။ အဲ့တာ သူတို့အတွက် မကောင်းပါဘူး။ သူတို့က တန်းဆင်းဇုန် တိုက်ပွဲကြား ဆွဲချခံနေရတယ်။ ဒီပွဲမှာလည်း ပြိုင်ဘက်တွေကို ဆက်တိုက် အနိုင်ယူနေတဲ့ မန်စီးတီးကို တားဆီးနိုင်မယ့်ပုံ မပေါ်ပါဘူး။

ဒီဘရိုင်းနဲ့ ဟာလန်းတို့ ပြန် သက်သာလာပြီ ဖြစ်တာကြောင့် မန်စီးတီးအတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်သင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

ဘရန့်ဖို့ဒ် ၁-၃ မန်ချက်စတာ စီးတီး