လက်ရှိ သိပ်ကောင်းနေတဲ့ စီးတီးက ဘရန့်ဖို့ဒ်ကို ဘယ်နှဂိုး သွင်းမလဲ ဘာဘာတော့ဗ်ရဲ့ ပွဲကြို ဟောကိန်းထုတ်မှု

မန်စီးတီးအသင်းက ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဘရန့်ဖို့ဒ်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲကစားမယ့် အချိန် ကတော့ လာမယ့် တနင်္လာနေ့ည ၂နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဘရန့်ဖို့ဒ်နဲ့ မန်စီးတီး ပွဲ ရလဒ် ဘယ်လိုထွက်မလဲ ခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါပြီ။

ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်

ဘရန့်ဖိုဒ့်က အသင်းတွေကို အံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် စီးတီးတို့ ရှုံးမှာ မဟုတ်ပါဘူး။ သရေဆိုရင်တောင် မန်စီးတီးတို့အတွက် စိတ်ပျက်စရာ ရလဒ် ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာ မန်စီးတီးက သိပ်ကောင်းနေဆဲဖြစ်သလို ဒီဘရိုင်းနဲ့ ဟာလန်းတို့ကလည်း ပြန်လာပါပြီ။ ကျနော်ကတော့ စီးတီးပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်

ဘရန့်ဖို့ဒ် ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။